Euro 2016

ယူရို ၂၀၁၆ နှင့်ဝေးခဲ့သောဟော်လန်

Oct 14 , 2015

၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် တတိယရခဲ့သောဟော်လန်အသင်းမှာယူရို ၂၀၁၆ ခြေစစ်ပွဲတွင်မူအုပ်စုတွင်းအဆင့် ၄ သာရခဲ့သဖြင့်ထိုပြိုင်ပွဲနှင့် ဝေးခဲ့ရပြီဖြစ်သည်။

အုပ်စုနောက်ဆုံးပွဲစဉ်တွင်ခြေစစ် ပွဲအာင်ရန်အတွက်တူရကီနှင့် ပွဲအခြေအနေကိုစောင့်ရမည့်အပြင် မိမိကိုယ်တိုင်ကလည်းနိုင်မှဖြစ်မည့် အနေအထား၌တူရကီက ဒုတိယနေရာမှအိုက်စလန်ကို အနိုင်ကစားသွားခဲ့ပြီးဟော်လန်က ပထမနေရာမှချက်ကိုရှုံးခဲ့သဖြင့် ခြေစစ်ပွဲအဆင့်နှင့်ပင်ကျေနပ် လိုက်ရခြင်ဖြစ်သည်။

ချက်နှင့်ကစားရသောနောက်ဆုံးပွဲစဉ်တွင် ဟော်လန်မှာပထမပိုင်းမှာပင် ၂ ဂိုးပြတ်ဖြင့်ရှုံးနေခဲ့ပြီး ၆၆ မိနစ်တွင်ဗန်ပါစီက ကိုယ့်ဂိုးကိုသွင်းမိခဲ့၍ဖိအားပိုများသွားကာ ဟန်တဲလားနှင့်ဗန်ပါစိတို့ကချေပဂိုးများ ပြန်သွင်းခဲ့သော်လည်း ၂း၃ ဖြင့်ရှုံးခဲ့ရခြင်းဖြစ်သည်။

လူစားဝင်လာခဲ့ပြီးမှကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သူဗန်ပါစီမှာ ပရိသတ်များ၏အော်ဟစ်ကဲ့ရဲ့သံများကို ခံခဲ့ရပြီးဟော်လန်အနေနှင့် ၂၀၀၂ နောက်ပိုင်းအဓိကပြိုင်ပွဲကြီး တစ်ခုဝင်ခွင့်ကို ပထမဆုံး လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here