Article

ဟော်လန်ကျရှုံးခန်းနှင့် တာဝန်ရှိသူများ

Oct 14 , 2015

ယူရို ၂၀၁၆ ခြေစစ်ပွဲကြီးပြီးဆုံးသွားခဲ့ချိန်တွင် ထူးခြားသောစံချိန်များလည်းပေါ်ထွက်ခဲ့ပြီး ၁၀ ပွဲကစား ၁၀ ပွဲနိုင်သောအင်္ဂလန်၊ သမိုင်းတစ်လျောက်ပထမဆုံး ၀င်ခွင့်ရခဲ့သည့်အိုက်စလန်၊ ဝေလ၊ ဆလိုဗေးကီးယား၊ မြောက်အိုင်ယာလန်၊ အယ်လ်ဘေးနီးယားစသည့် အသင်းများပေါ်ထွက်လာသကဲ့သို့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင်ဆီမီးဖိုင်နယ် တက်ခဲ့သောဟော်လန်အသင်း ခြေစစ်ပွဲမအောင်မြင်ခဲ့ခြင်းမှာလည်း အံ့သြစရာဖြစ်ခဲ့ရသည်။

ထိုသို့သောခြေစစ်ပွဲမအောင်မြင်ရခြင်း များအတွက်ဓိကတာဝန်ရှိသူများအဖြစ် နည်းပြဟစ်ဒင့်၊ နည်းပြဘလိုင်း၊ ဟော်လန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဗန်အော့စ်ဗန်း၊ တိုက်စစ်မှုးဗန်ပါစီ၊ နောက်ခံလူမာတင်စ်တို့ဖြစ်ကြသည်ဟု Goal.com ကထောက်ပြထားခဲ့သည်။

ဟော်လန်အသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တွင်နှုတ်ထွက်သွားခဲ့သည့်နည်းပြ ဗန်ဂေါလ်နေရာ၌နာမည်ကြီး နည်းပြ တစ်ဦးပင်ဖြစ်သည့် ဟင်ဒင့်ကိုခန့်ထားရန်ဟော်လန်ဘောလုံး အဖွဲ့ချုပ်ကဆုံးဖြတ်ခဲ့သည်။

၁၉၈၇ မှစ၍နည်းပြဖြစ်ခဲ့သူဟင့်ဒစ်မှာ နာမည်ကြီးကလပ်များစွာနှင့်အတူဟော်လန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ရုရှ၊ တူရကီလက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ဘူးသူဖြစ်သည်။

ဟော်လန်အသင်းကို ဒုတိယအကြိမ်ပြန်လည် ကိုင်တွယ် ခွင့်ရခဲ့သည့်ဟစ်ဒင့်မှာ လက်ထောက်များအဖြစ် ဒန်နီဘလိုင်းနှင့် မန်ယူတိုက်စစ်မှုးဟောင်း နစ္စတယ်ရွိုင်းတို့ကိုခေါ်ယူ ထားခဲ့သည်၊ ချက်၊ အိုက်စလန်၊ တူရကီ၊ ကာဇက်စတန်၊ လတ်ဗီးယား၊ တို့နှင့်တွေ့ရမည့်အုပ်စု A ခြေစစ်ပွဲများကြောင့်ဟော်လန် အသင်းအုပ်စုချောင်သည်ဟု မှန်းဆခဲ့ကြသည်။

ဟစ်ဒင့်အတွက်ပထမဆုံးအတွေ့အကြုံအဖြစ် ယူရိုခြေစစ်ပွဲမစမီအီတလီနှင့် ခြေစမ်းခဲ့ရာတွင်ပထမပိုင်း ၁၀ မိနစ်အတွင်း ၂ ဂိုးအသွင်းခံရပြီးတစ်ယောက်အထုတ် ခံရသည်အထိအခြေအနေဆိုးခဲ့ရသည်။

ယင်းပွဲပြီးနောက်ခြေစစ်ပွဲအဖြစ် ချက်နှင့်အဝေးကွင်းပွဲ ကစားရာတွင် ၂း၁ ဖြင့်ရှုံးခဲ့ပြီးဒုတိယပွဲတွင် အိမ်ကွင်း၌ ကာဇက်စတန်ကို ၃း၁ ဖြင့်နိုင်ခဲ့သည်။ တတိယပွဲဖြစ်သည့်အိုက်စလန်နှင့် အဝေးကွင်းပွဲတွင် ၂းဝ ဖြင့်ရှုံးခဲ့ပြီးနောက်ထပ်အိမ်ကွင်း ၂ ပွဲဖြစ်သည့်လတ်ဗီးယား၊ တူရကီတို့နှင့်ပွဲတွင် ၄ မှတ်ရခဲ့သည်။

ခြေစမ်းပွဲ ၂ ပွဲအဖြစ်မက္ကဆီကို၊ အမေရိကန်တို့နှင့်ကစားရာတွင် အမေရိကန်ကို ၃း၎ ဖြင့်ရှုံးခဲ့သည်။ ဇွန်လ ၁၃ ရက်လတ်ဗီးယားနှင့်ပွဲတွင် နိုင်ခဲ့သော်လည်း ၂၉ ရက်နေ့တွင်ဟစ်ဒင့်နှုတ်ထွက်သွားခဲ့သည်။

ဟော်လန်ဘောလုံးအဖွဲ့ချုပ်ကနောက် ၂ ရက်အကြာတွင်ဒန်နီဘလိုင်းကို နည်းပြအဖြစ်ခန့်အပ်ခဲ့သည်။

လက်ရွေးစင်နည်းပြအတွေ့အကြုံမရှိသော ဘလိုင်းမှာသူ့တာဝန်သူယူခဲ့ရသည့် ခြေစစ်ပွဲနောက်ဆုံး ၄ ပွဲတွင် ၃ ပွဲရှုံးခဲ့ရသည်။

အတွေ့အကြုံမရှိသူဘလိုင်းကို နည်းပြခန့်မှုအတွက်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကိုဝိုင်းဝန်းပြစ်တင်ခဲ့ပြီးခြေစွမ်း မပြနိုင်သည့်အပြင်အရေးကြီးပွဲစဉ်တွင် ကိုယ့်ဂိုးကိုယ် ပင်သွင်းခဲ့သောဗန်ပါစီ၊ အမှားများခဲ့သောနောက်ခံလူ မာတင်စ်တို့မှာဟော်လန် အသင်းခြေစစ်ပွဲ မအောင်ရခြင်း၏ အဓိကတာဝန်ရှိသူ များအဖြစ်ဝေဖန် ခံနေခဲ့ရပြီဖြစ်လေသည်။

U Myo Thant




<< Back Article


Advertisement
Here