World CUp 2014 News

ယနေ့ည ဗန်ပါစီမသေချာ

Jul 09 , 2014

အာဂျင်တီးနားနှင့် တွေ့ရမည့် ယနေ့ည ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီမှာ ၀မ်းကိုက်ဝေဒနာကြောင့် ပါဝင်ရန် မသေချာဟုသိရသည်။

သို့သော်ကွင်းလယ်ကစားသမား ဒီဂျုန်းမှာ ပြိုင်ပွဲအားလုံးကို လွဲပြီဟု ထင်ခဲ့သော်လည်း ယနေ့ညပွဲတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်ပြီး အာဂျင်တီးနားဘက်တွင် ဒီမာရီယာ မကစားနိုင်ဟု ဆိုသည်။

မန်စီးတီးတိုက်စစ်မှူးဖြစ်သော အာဂျင်တီးနားသားအေဂူရိုမှာ ဒဏ်ရာသက်သာလာ၍ ယနေ့ည၀င်ကစားရန်ရှိနေပြီး ဘယ်နောက်ခံ လူ ရိုဂျိုမှာလည်း ပွဲပယ်ပြစ်ဒဏ်စေ့ပြီဖြစ်၍ ကစားနိုင်ပြီ ဖြစ်သည်။ ဟော်လန်နည်းပြ ဗန်ဂေါလ်က တစ်ဦးတည်းလေ့ကျင့် နေသော ဗန်ပါစီမှာ ကြံ့ခိုင်မှုအပြည့်ရှိမှသာ ကစားခွင့်ရမည်ဟု ပြောဆိုထားသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here