Euro 2016

ဟော်လန်ကမထွက်ဘူးဆိုတဲ ဗန်ပါစီ

Oct 14 , 2015

ယူရို ၂၀၁၆ ပြိုင်ပွဲဝင်ခွင့်မရခဲ့သော်လည်း မိမိသည်အသင်းမှထွက်သွားမည် မဟုတ်ကြောင်းဟော်လန် လက်ရွေးစင်တိုက်စစ်မှုး ဗန်ပါစီကပြောဆိုလိုက်သည်။

အာဆင်နယ်၊ မန်ယူတို့တွင်ကစားခဲ့ပြီးနောက် လက်ရှိဖီနာဘီချီတွင် ကစားနေသူဗန်ပါစီက မိမိအသင်းကို စွန့်ခွာသွားရန် အကြောင်းမရှိကြောင်း အသင်း ဒုက္ခများနေချိန်တွင် စွန့်ခွာသွားတက်သူများကြား၌ မိမိမပါကြောင်းအဖြစ်အပျက်ပေါင်း များစွာကြားတွင်မိမိတို့သည်လည်း ခံစားသူများဖြစ်ကြောင်းသို့သော် လက်မလျော့တမ်းရှေ့ဆက်သွားပြီး လာမည့်တာဝန်များအတွက်ကြိုးပမ်းရန် မိမိဆုံးဖြတ်ထားကြောင်းပြောဆိုခဲ့သည်။

ဟော်လန်လက်ရွေးစင်အဖြစ် ၁၀၁ ပွဲမြောက်ပါဝင်ကစားရသည့် ဗန်ပါစီမှာချက်နှင့်ကစားရသောပွဲ၌ ကိုယ့်ဂိုးကိုယ်ခေါင်းတိုက် သွင်းယူမိခဲ့ပြီးအဆိုးဆုံးဖိအားများနှင့် ရင်ဆိုင်ခဲ့ရကာနောက်ဆုံးတွင် ၁၀ ယောက်ကျန်ချက်ကို ၂း၃ ဖြင့်ရှုံးခဲ့ပြီးယူရိုဝင်ခွင့် လက်လွှတ်လိုက်ရခြင်လည်းဖြစ်သည်။

အုပ်စုတွင်းမှတူရကီက အိုက်စလန်ကိုနိုင်သွားသည့် အတွက်ဟော်လန်မှချက်ကို နိုင်လျင်သော်မှမျှော်လင့်ချက် မရှိတော့သော်လည်း သူ၏ကိုယ့်ဂိုးကိုယ်သွင်းမိမှုကို ပရိသတ်များက၀ိုင်းဝန်းအော်ဟစ် ကဲ့ရဲ့ခြင်းကိုခံခဲ့ရသူဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here