World CUp 2014 News

မရှုံးနိုင်ဘူးဆိုတဲ့ ဆာဘဲလ်လား

Jul 09 , 2014

အာဂျင်တီးနားနည်းပြ ဆာဘဲလ်လားက မိမိတို့အနေနှင့် ယနေ့ည ဟော်လန်ကို ရှုံးစရာအကြောင်းမရှိဟု ပြောဆိုလိုက်သည်။

တောင်အမေရိက အသင်းတစ်သင်းဖြစ်သည့် ဘရာဇီးမှာ ဥရောပမှ ဂျာမနီကို ၇း၁ ဖြင့် ရှုံးနိမ်ခဲ့ပြီးနောက် အာဂျင်တီးနားနည်းပြက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဆာဘဲလားက ပုံမှန်ခြေစွမ်းရနေသော မက်ဆီ အပါအ၀င် အာဂျင်တီးနား ကစားသမားများသည် လိုအပ်နေသော အောင်ပွဲများကို ဆက်တိုက်ရယူနိုင်ပြီး ဖြစ်သကဲ့သို့ ဘရာဇီးမြေပေါ်တွင် ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရရန် အဆင်သင့်ရှိနေပြီဟု ဆိုခဲ့သည်။

မိမိတို့အနေနှင့် ၂၄ နှစ်ကြာဝေးခဲ့သည့် မိမိတို့ရည်မှန်းချက်မှာ ဗိုလ်လုပွဲအထိ တက်လှမ်းကာ အောင်ပွဲခံနိုင်ရေးပင်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here