EPL News

ပေါင် သန်း ၅၀ နှင့် အာဆင်နယ်

Jul 09 , 2014

အာဆင်နယ်အသင်းမှာ ချီလီတိုက်စစ်မှူး ဆန်းချက်စ်ကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူရန် သေချာနေပြီဖြစ်ပြီး အခြားကစားသမား ၂ ဦးကိုလည်း ပေါင်သန်း ၂၀ ၀န်းကျင်ဖြင့် ခေါ်ယူနိုင်ရန်ကြိုးပမ်းလျှက် ရှိသည်။

ဘာစီလိုနာတွင် ကစားနေသော တိုက်စစ်မှူး ဆန်းချက်စ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ဖြင့် အာဆင်နယ်သို့ရောက်ရှိ လာရန်ရှိနေပြီး နယူးကာဆယ်နောက်ခံလူ ဒီဘူချီနှင့် QPR တိုက်စစ်မှူး ရီမီတို့ကို ပေါင် ၁၁ သန်း၊ ပေါင် ၈ သန်းဈေးများဖြင့် ကမ်းလှမ်းထားပြီး အကြမ်းဖျင်းသဘောတူထားကာ အသေးစိတ်အချက်အလက်များကိုသာ ဆက်လက်ညှိနှိုင်းနေကြောင်း သိရ သည်။

မန်စီးတီးသို့ ပြောင်းရွှေ့သွားသော ဆက်ဂနာ၏ နေရာတွင် အစားထိုးမည့် ဒီဘူချီမှာ အာဆင်နယ်တွင် ဆေးစစ်ခံပြီးပြီဟု ဆိုပြီး တစ်ပတ်လုပ်ခပေါင် ၇၅၀၀၀ ရနေသော ရီမီနှင့် ပတ်သက်၍ ကွဲလွဲနေသေးသော အချို့ အချက်အလက်များကို ညှိနှိုင်းလျှက်ရှိနေ သည်။

U Myo Thant




<< Back EPL News


Advertisement
Here