Bundesliga News

အသင်းပြောင်းမယ့် မန်ဇူကစ်

Jul 09 , 2014

ဂျာမနီသတင်းစာတစ်စောင်၏ အဆိုအရ ဘိုင်ယန်တိုက်စစ်မှူး မန်ဇူကစ်မှာ လာလီဂါကလပ် အက်သလက်တီကိုသို့ ပေါင် ၁၇.၅ သန်းဖြင့် ပြောင်းရွှေ့မည်ဟု သိရသည်။

၂၈ နှစ်သား မန်ဇူကစ်မှာ ထိုအသင်းနှင့် ၅ နှစ်စာချုပ်ချုပ်ဆိုသည်ဟုလည်း ဆက်လက်ဖော်ပြထားခဲ့သည်။

ဘိုင်ယန်မှာ ဒေါ့မွန်မှ တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို ခေါ်ယူထားခဲ့ပြီဖြစ်၍ မန်ဇူကစ်အသင်းပြောင်းခဲ့ခြင်းဖြစ်ပြီး သူသည် ဘိုင်ယန်တွင် ၂ ရာသီရှိနေစဉ်အတွင်း ၈၈ ပွဲကစား ၄၈ ဂိုးသွင်းယူခဲ့သူ ဖြစ်သည်။

မန်ဇူကစ်က သူ့အနေနှင့် အသင်းပြောင်းရန်ကို နွေကာလမရောက်မီကပင် ဆုံးဖြတ်ထားသူဖြစ်ကြောင်း ဘိုင်ယန်တွင် နေခဲ့သည့် ကာလများမှာ ပျော်ရွှင်စရာရက်များပင်ဖြစ်ကြောင်း၊ မိမိအနေနှင့် ဤကလပ်မှ ပြောင်းဖြစ်တော့မည်မဟုတ်ဟု ယူဆခဲ့သော်လည်း နည်းပြဂွာဒီယိုလာ၏ ကစားစေပုံကြောင့် အခက်တွေ့ရကြောင်း ဂွာဒီယိုလာမှာ နည်းပြကောင်းတစ်ဦးဖြစ်ပါကြောင်း သို့သော် မိမိကစားတတ်ပုံ၊ ကစားချင်ပုံနှင့် အဆင်မပြေခဲ့ခြင်းကြောင့် အသင်းပြောင်းရခြင်း ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here