Euro 2016

ယူရို ၂၀၁၆ Play-off ပွဲစဉ်များ

Oct 19 , 2015

ယူရို ၂၀၁၆ ခြေစစ်ပွဲအုပ်စုပွဲစဉ်များတွင် တတိယသာရခဲ့၍ Play-off ပြန်ကစားရမည့်အသင်းများ အတွက်ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။

အိုင်ယာလန်အသင်းမှာ နှစ်ကျော့ကစားရမည့် Play-off ပွဲစဉ်တွင်ဘောစနီးယားနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ယူကရိန်းကစလိုဗေးနီးယား၊ ဆွီဒင်ကဒိန်းမတ်နော်ဝေက ဟန်ဂေရီတို့နှင့်အသီးသီး ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အိုင်ယာလန်အသင်းမှာ ဘော့စနီးယားနှင့်နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ ၂၀၁၂ တွင်ဖြစ်ပြီးခြေစမ်းပွဲဖြစ်သည့် ထိုပွဲတွင် ၁းဝ ဖြင့်နိုင်ခဲ့သူဖြစ်သည်။

အိုင်ယာလန်အနေနှင့်ယူရို ၂၀၁၂ ၀င်ခွင့်တွင်လည်း Play-off ကစားခဲ့ရသေးပြီးထိုစဉ်က အက်စတိုးနီးယားကိုနှစ်ကျော့ပေါင်း ၅း၁ ဖြင့်နိုင်ခဲ့သည်။

၂၀၁၀ ကမ္ဘာ့ဖလားဝင်ခွင့် Play-off ပွဲတွင်မှုအိုင်ယာလန်မှာ အွန်နရီလက်ထိဘောဖြင့် သွင်းခဲ့သည့်ဂိုးဖြင့် ပြင်သစ်ကိုရှုံးနိုမ့်ခဲ့ရသည်။

ယခုယူရို ၂၀၁၆ Play-off ပွဲစဉ်များကိုနိုဝင်ဘာ ၁၂၊ ၁၃၊ ၁၄ နှင့်နိုဝင်ဘာ ၁၅၊ ၁၆၊ ၁၇ တို့တွင်နှစ်ကျော့ကစား ကြရမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here