World CUp 2014 News

ရော်ဘင်ကိုချီးကျူးတဲ့ ကလွိုက်ဗက်

Jul 09 , 2014

ဟော်လန်လက်ထောက်နည်းပြ ကလွိုက်ဗက်က တောင်ပံကစားသမား ရော်ဘင်မှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် အကောင်း ဆုံးဘောလုံးသမားဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ကလွိုက်ဗက်တို့၏ ဟော်လန် အသင်းမှာ ယနေ့ညတွင် ဆာပေါ်လိုရှိ ကိုရင်သီယန်ကွင်းကြီးတွင် အာဂျင်တီးနားနှင့် ဆီမီးဖိုင်နယ်ပွဲ ကစားရတော့မည် ဖြစ်သည်။ဟော်လန်လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သူ ကလွိုက်ဗက်က ရော်ဘင်၏ ကစားပုံမှာများစွာ ချီးကျူးစ ရာကောင်းကြောင်း ၊ ရွှေဘောလုံးဆု ၃ ကြိမ်ရထားသည့် မက်ဆီနှင့် ရင်ဆိုင်ရမည်ဟု မျှော်လင့်ကြောင်း၊ မိမိတို့အသင်းသည် ကမ္ဘာပေါ်တွင် အတော်ဆုံးကစားသမားများ စုစည်းထားသည့် အသင်းမဟုတ်သော်လည်း မည်သည့်အသင်းနှင့်မဆို ယှဉ်ပြိုင်နိုင် စွမ်းရှိကြောင်း၊ မိမိတို့၏ အမြင်တွင် ယခုကမ္ဘာ့ဖလား၌ ကစားသွားကြသည့် ကစားသမားများထဲတွင် ရော်ဘင်သည် အကောင်းဆုံး ဟု မြင်ယောင်နေပါကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here