Serie-A News

အင်တာတွင်ဆက်နေမည့် အိုင်ကာဒီ

Jul 09 , 2014

အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီက သူသည် စီးရီးအေကလပ်အင်တာတွင်သာ ဆက်နေမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အိုင်ကာဒီမှာ အက်သလက်တီကိုက စိတ်ဝင်စားနေသော တိုက်စစ်မှူးဖြစ်ပြီး အက်သလက်တီကိုမှ ဒီယေးဂို ကော်စတာမှာ ချဲလ်ဆီး သို့၊ ဒေးဗစ်ဗီလာမှာ မေဂျာလိဂ်သို့ အသီးသီးပြောင်းရွှေ့သွားကြပြီဖြစ်၍ တိုက်စစ်မှူးခေါ်ရမည့် အသင်းဖြစ်သည်။

သို့သော် ဘိုင်ယန်မှ မန်ဇူကစ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်သဖြင့် အက်သလက်တီကိုမှာ အိုင်ကာဒီအပေါ် မည်မျှ ဆက်လက်စိတ်ဝင် စားမည်ကိုမူ မမှန်းဆနိုင်သေးပေ။

၂၁ နှစ်ရှိပြီဖြစ်သော အာဂျင်တီးနားသား အိုင်ကာဒီကမူ အီတလီကို စွန့်ခွာလိုခြင်းမရှိပဲ လွန်ခဲ့သောရာသီက စီးရီးအေ ဂိုး ၈ ဂိုးသွင်း ယူနိုင်ခဲ့သော အင်တာနှင့်သာ ဆက်နေမည်ဟု ဆိုသည်။

သူက - အက်သလက်တီကိုက စိတ်ဝင်စားနေတယ်ဆိုတာ ကျနော် ကြားရပါတယ်။ နည်းပြဆီမြွန်းနီနဲ့အတူ အက်သလက်တီကိုဟာ ထိပ်တန်းကလပ်ဖြစ်လာနေပါပြီ။ ဒါပေမယ့် ကျတော် ဒီမှာပဲ ဆက်နေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ အင်တာဟာလည်း အသင်းကြီး တစ်ခုမို့ပါပဲ။ ကျနော့် စာချုပ်က ၄ နှစ်ကျန်ပါသေးတယ် ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here