Bundesliga News

EPL ကိုလာမည့်ဂွာဒီယိုလာ

Oct 24 , 2015

ဘိုင်ယန်နှင့်သက်တမ်းမတိုးဖြစ်ခဲ့ပါက နည်းပြဂွာဒီယိုလာမှာပရီးမီးယားလိဂ်သို့ လာရန်ဆန္ဒရှိနေပြီးလန်ဒန်အခြေစိုက် အသင်းများကိုစိတ်ဝင်စားသည်ဟုသိရသည်။

ဂွာဒီယိုလာနှင့်ဘိုင်ယန်တို့ ချုပ်ဆိုထားသောစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းပြည့်မည်ဖြစ်ပြီး ယခုအချိန်ထိသက်တမ်း တိုးရန်ဆွေးနွေးခြင်းမျိုး မရှိသေးပေ။

ဘာစီလိုနာကိုကိုင်တွယ်ဘူးသူ ဂွာဒီယိုလာမှာအကယ်၍ ဘိုင်ယန်နှင့်စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့ပါကအင်္ဂလန်သို့လာရန် ဆန္ဒရှိနေပြီးအောင်မြင်မှုများ ရခဲ့သည့်သူ့ကိုယခင်ကာလများက မန်စီးတီး၏ချိတ်ဆက်ကမ်းလှမ်းမှုကို ခံခဲ့ရသူလည်းဖြစ်သည်။

သို့သော်ဂွာဒီယိုလာမှာ ပရီးမီးယားလိဂ်သို့ လာဖြစ်ပါကလန်ဒန်တွင်နေထိုင်ရင်း လန်ဒန်အခြေစိုက်ကလပ်မျိုးကိုသာ ကိုင်တွယ်လိုသည်ဟုဆိုသည်။

ထိုသတင်းကြောင့်ဂွာဒီယိုလာအနေနှင့် ချဲလ်ဆီး၊ အာဆင်နယ်တို့ကို ကိုင်တွယ်လိုနေသည်ဟု ထင်ကြေးပေးခံနေရပြီး ချဲလ်ဆီးအသင်းမှာ လောလောဆယ်တွင် ရလဒ်ဆိုးများနှင့်ကြုံနေရကာ နည်းပြမော်ရင်ဟိုမှာလည်း ဝေဖန်ခံမှုများနှင့်ကြုံနေ ရသူဖြစ်သည်။

အာဆင်နယ်မှာမှု လောလောဆယ်အဆင့် ၂ တွင်ရှိနေပြီးနည်းပြ၀င်းဂါးကို ထုတ်ပယ်ကာဂွာဒီယိုလာကို ခန့်ထားရေးမှဖြစ်နိုင်ခြေ မရှိဟုဆိုသည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here