EPL News

ဟာရားရားနှင့်ရှောမန်ယူနှင့်လိုက်မည်

Jul 09 , 2014

ယခုလနှောင်းပိုင်းတွင် အမေရိကန်သို့သွားရောက်မည့် မန်ယူ၏ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လူသစ်များဖြစ်သော ဟာရားရားနှင့် လုခ်ရှောတို့လည်း လိုက်ပါကြမည် ဖြစ်သည်။

လုခ်ရှောမှာ အင်္ဂလန်လက်ရွေးစင် ကစားဖော်ရွန်းနီကဲ့သို့ ဇူလိုင် ၁၈ ရက်တွင် လေယာဉ်ဖြင့် လော့စ်အိန်ဂျယ်လိစ်သို့ လိုက်ပါမည်ဖြစ်ပြီး စပိန်မှ မာတာ၊ ဒီဂီရာ၊ ဂျပန်မှ ကာဂါဝါတို့လည်း လိုက်ပါမည်ဟု သိရသည်။

နည်းပြသစ် ဗန်ဂေါလ်နှင့် တိုက်စစ်မှူး ဗန်ပါစီတို့မှာ ဟော်လန်အသင်းနှင့်အတူ ဘရာဇီးတွင်ရှိနေဆဲဖြစ်ပြီး လာမည့်ဇူလိုင်လ ၁၄ ရက်ခန့်တွင်မှ လက်ရွေးစင် တာဝန်များပြီးဆုံးမည် ဖြစ်သည်။

မန်ယူအသင်းမှာ ချန်ပီယံများဖလားပြိုင်ပွဲဟု အမည်ပေးထားသည့် ရာသီကြိုဖလားပွဲအဖြစ် ဇူလိုင် ၂၆ တွင် ဂိုးမား၊ ၂၉ တွင် အင်တာ၊ သြဂုတ် ၂ ရက်နေ့တွင် ရီးရဲလ်တို့နှင့် ဒင်းဗား၊ ၀ါရှင်တန်၊ မစ်ချီဂန်မြို့များ၌ ကစားကြမည်ဖြစ်ပြီး ဦးဆုံးသောခြေစမ်းပွဲမှာ L.A ဂလက်ဇီနှင့် ၂၃ ရက်နေ့ပွဲ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here