EPL News

အဲဗာတန်ရောက် ဘယ်ရီ

Jul 09 , 2014

အသက် ၃၃ နှစ်ရှိပြီဖြစ်သော ဂါရတ် ဘယ်ရီမှာ အဲဗာတန်နှင့် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ဘယ်ရီမှာ မန်စီးတီးမှ အဲဗာတန်သို့ လွန်ခဲ့သောရာသီတွင် အငှားလာကစားခဲ့ပြီး ရာသီအကုန်တွင် ၀က်စ်ဟမ်း၊ အာဆင်နယ်၊ စပါးတို့၏ ကမ်းလှမ်းမှုကို ခံခဲ့ရသော်လည်း အဲဗာတန်ကိုရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သောရာသီ အငှားစာချုပ်ချုပ်စဉ်က ပါဝင်ခဲ့သည့် စည်းမျဉ်းများအရ ဘယ်ရီမှာ တစ်ပတ်လုပ်ခ ပေါင်  ၅ သောင်းခွဲ ရရှိ မည်ဖြစ်ပြီး အဲဗာတန်က မန်စီးတီးသို့ ပေါင် ၂ သန်း ပေးချေရမည်ဖြစ်သည်။

ဘယ်ရီက မိမိအနေနှင့် လွန်ခဲ့သောရာသီက ရှိနေသည့်အတွက် ယခုပိုမို ပျော်ရွှင်မိကြောင်း၊ အငှားစာချုပ်နှင့်လာရသည့် ခံစားမှုနှင့် အပြီးသတ်စာချုပ်ဖြင့်ကစားရမည့် ခံစားမှုမတူညီသည်ကို မိမိသိရှိခဲ့ပြီဖြစ်ကြောင်း၊ အဲဗာတန်၏တရားဝင်ကစားသမားဖြစ်လာ၍ ပိုပြီး ကျေနပ်ဝမ်းသာရပါကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here