World CUp 2014 News

ကိုရီးယားနည်းပြ နှုတ်ထွက်

Jul 10 , 2014

၃ ပွဲကစား ၁ မှတ်သာရခဲ့သော တောင်ကိုရီးယားအသင်းကြောင့် နည်းပြဟွန်မြောင်ဘိုမှာ ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်သည်။

ကမ္ဘာ့ဖလားပွဲမှ အိမ်အပြန်တွင်နည်းပြက ဘောလုံးအဖွဲ့ချုပ်ထံနှုတ်ထွက်စာ တင်ခဲ့ရာတွင် အဖွဲ့ချုပ်ကလက်မခံပဲ ၂၀၁၅ အာရှ ဖလားပွဲ အထိ တာဝန်ယူပေးရန်တောင်းဆိုခဲ့သည်။

သို့သော် ၄၅ နှစ်အရွယ် နည်းပြဟွန်က လွန်ခဲ့သောအင်္ဂါနေ့တွင် နှုတ်ထွက်စာထပ်တင်ခဲ့ပြီး ပရိသတ်များ ကို တောင်းပန်စကား ဆိုသွားခဲ့သည်။ ဟွန်က ဒီကနေ့ ဒီလိုစကားတွေ ပြောလို့ သိပ်ခံစားရပါတယ်။

ကမ္ဘာ့ဖလားပွဲမတိုင်မီမှာ ပရိသတ်ကိုကတိတွေပေးခဲ့ပေမယ့် အိမ်ပြန်စောခဲ့ရပါတယ်။တကယ့်ကို စိတ်မကောင်းပါဘူး။ ကျနော် တာဝန်ယူခဲ့တဲ့ ကာလတွေအတွင်းမှာ အမှားတွေအများကြီး လုပ်ခဲ့မိတယ်ထင်ပါတယ်။ ဒီအတွက်လည်း တောင်းပန်ပါ တယ်။

ကျနော်ဟာ ဒီတိုင်းပြည်အတွက် ကစားသမားဘ၀နဲ့ ကော နည်းပြအဖြစ်နဲ့ပါ ၂၄ နှစ် ပါဝင်ပတ်သက်ခဲ့သူပါ။ ကျနော့်ကို ပရိသတ်တွေက သိပ်ကို လိုလားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း တာဝန်မကျေခဲ့ပါဘူး လို့ ယူဆတဲ့အတွက် ဒီကနေ့မှာပဲ အသင်းကို လက်ပြ နှုတ်ဆက်လိုက်ပါပြီ ဟု ပြောဆို သွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here