World CUp 2014 News

ပွဲပယ်ခံရသော နိုင်ဂျီးရီးယား

Jul 10 , 2014

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် အစိုးရပိုင်းမှပါဝင်ပတ်သက်နေသည့် နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်ကို ပွဲပယ်ပြစ်ဒစ်ချထားပြီ ဖြစ် သည်။

ဖီဖာအနေနှင့်မည်သည့် နိုင်ငံဘောလုံးအဖွဲ့ချုပ်တွင်မဆို အစိုးရပိုင်းမှ ပါဝင်ပတ်သက်စွက်ဖက်ခြင်းကို တားမြစ်ထားပြီး ထိုကဲ့သို့ ပတ်သက်မှုရှိသည်ကို သိရှိရပါက ပွဲပယ်ပြစ်ဒဏ်ချမှတ်လေ့ရှိသည်။ ယခု နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်တွင်လည်း အစိုးရပိုင်းမှ ပါဝင်ပတ်သက်နေကြောင်းသိရှိရသဖြင့် နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းအပြင် နိုင်ငံတွင်းရှိကလပ်အသင်းများအားလုံးကို ဒေသတွင်းရှိ အာဖရိကဆိုင်ရာပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်သည်။

ထို့အတူ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်မှ အမှုဆောင်အဖွဲ့ဝင်များအနေနှင့် ဖီဖာအပါအ၀င် အာဖရိက ဘောလုံးအဖွဲ့ချုပ်တွင်ပါ ပါဝင်မှုမရှိစေရန် တားမြစ်ပိတ်ပင် လိုက်သည်။ နိုင်ဂျီးရီးယားအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ပါဝင်ခဲ့ပြီး နောက်ဆုံး ၁၆ သင်းဆင့်အထိ တက်ခဲ့ကာပြင်သစ်ကို ၂းဝ နှင့် ရှုံးခဲ့သည့် အသင်းဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here