World CUp 2014 News

သက်တမ်းတိုးသော အဲလ်ဗက်စ်

Jul 10 , 2014

အသက် ၂၉ နှစ်အရွယ် ဘရာဇီးဂိုးသမား ဒီယေးဂိုးအဲလ်ဗက်စ်သည် ဗလင်စီယာအသင်းနှင့် ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက် ပြီ ဖြစ်သည်။

အဲလ်ဗက်စ်မှာ ၂၀၁၁-၁၂ တွင် စပိန်ကလပ် အယ်လ်မီးရီးယားမှ ဗလင်စီယာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး စာချုပ်သက်တမ်းစေ့ရန် ၁ နှစ်အလိုတွင် ယခုကဲ့သို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။

ဗလင်စီယာအသင်းတရားဝင် ၀က်ဘ်ဆိုက်တွင် ဂိုးသမား အဲလ်ဗက်စ်နှင့် ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့သဖြင့် များစွာကျေနပ်ရကြောင်း ၂၀၁၃-၁၄ ရာသီတွင် ပရိသတ်က ရွေးချယ်ပေးသော ဗလင်စီယာ၏ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူဖြစ်ကြောင်း သူသည် လွန်ခဲ့သောရာသီတွင် အသင်းအတွက် ၃၅ ပွဲကစားပေးခဲ့သူဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

ဗလင်စီယာအသင်းမှ နည်းပြပစ်ဇီထွက်ခွာသွားပြီးနောက် လွန်ခဲ့သော အပတ်ကမှ နည်းပြသစ်အဖြစ် နူနိုကို ခေါ်ယူခဲ့သည်။ ဂိုးသမား အဲလ်ဗက်စ်ကက သက်တမ်းတိုးခွင့်ရရှိခဲ့ခြင်း အတွက် ၀မ်းသာဂုဏ်ယူမိကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here