World CUp 2014 News

သက်သာမှု မြန်ဆန်သည့်နေမာ

Jul 10 , 2014

ဘရာဇီးတိုက်စစ်မှူးနေမာ၏ ဒဏ်ရာသက်သာမှုမှာ ထင်ထားသည်ထက် ပိုမိုမြန်ဆန်လာကြောင်း သိရသည်။

နေမာမှာ ကိုလံဘီယာကို ၂း၁ ဖြင့် နိုင်ခဲ့သောကွာတားဖိုင်နယ်ပွဲစဉ်တွင် ကျောဆစ်ရိုး ကျိုးသည့်ဒဏ်ရာ ရခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ ဖလားပြိုင်ပွဲ လက်ကျန်ပွဲများနှင့်လွဲချော်သွားရသူ ဖြစ်သည်။

ဘာစီလိုနာအသင်း ဆေးအဖွဲ့မှ တာဝန်ရှိသူများသည် ဘရာဇီးရှိ နေမာ၏ အိမ်သို့လာရောက်၍ နေမာ၏ ဒဏ်ရာကို စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ထိုသို့ လာရောက်စစ်ဆေးပြီနောက် ဒဏ်ရာသက်သာမှုအခြေအနေမှာထင်ထားသည်ထက် မြန်ဆန်စွာကောင်းမွန် လာနေကြောင်း ၊ လာမည့် သြဂုတ်လ ၅ ရက်တွင် နေမာမှာ နောက်ဆုံးအကြိမ် စစ်ဆေးမှုနှင့် ကြံ့ခိုင်ရေးတို့အတွက် ဘာစီလိုနာတွင် ဆက်လက် ကုသမှုခံယူမည် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here