Euro 2016

လက်ရွေးစင်ဖြစ်လာသောဒိုင်ယာ

Nov 06 , 2015

စပါးကွင်းလယ်သမားအဲရစ်ဒိုင်ယာမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးခေါ်ယူခံရပြီဖြစ်သည်။

၂၁နှစ်သားဒိုင်ယာမှာ နောက်ခံကစားသမားအဖြစ် ကစားခဲ့သော်လည်း ယခုရာသီတွင် စပါး၌ကွင်းလယ်ကစားသမားအဖြစ် ပါဝင်ကစားနေသူဖြစ်သည်။

 အင်္ဂလန်အသင်းမှာစပိန်၊ပြင်သစ်အသင်းများနှင့်ခြေစမ်းပွဲကစားရန်ရှိနေပြီး အဲဗာတန်မှဂျာဂီလ်ကာ၊အာဆင်နယ်မှဝါးလ်ကော့နှင့်ချမ်ဘာလိန်တို့မှ ဒဏ်ရာကြောင့်အင်္ဂလန်အတွက် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။

အင်္ဂလန်အသင်းမှာ ယူရို၂၀၁၂ချန်ပီယံစပိန်နှင့်နိုဝင်ဘာ၁၃ရက်နေ့၊ယူရို၂၀၁၆အိမ်ရှင်ပြင်သစ်နှင့် ၁၇ရက်နေ့တို့တွင် ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။

အင်္ဂလန်အသင်းတိုက်စစ်မှုးများအဖြစ် စပါးမှဟယ်ရီကိန်း၊လီဆက်စတာမှဗာဒီနှင့်မန်ယူမှရွန်းနီတို့ ပါဝင်ကြမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here