SEA Games News

၂၀၁၇ ဆီးဂိမ်းတွင် ယူ-၂၁ သာကစားရမည်

Nov 09 , 2015

အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည်၂၀၁၇ခုနှစ် ဆီးဂိမ်းဘောလုံးပွဲမှစတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲကိုယူ-၂၁ အဖြစ် ပြောင်းလဲသတ်မှတ်ကျင်းပသွားရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ဘောလုံးအဖွဲ့ချုပ်များသည်ဆီးဂိမ်းတွင်ဘောလုံးပြိုင်ပွဲကိုယူ-၂၃ဖြင့်ကျင်းပခဲ့ရာမှ လာမည့်၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲမှစတင်၍ယူ-၂၁ဖြင့်ပြောင်းလဲရန် သဘောတူထားကြပြီး အိုလံပစ်ကော်မတီ၏ သဘောတူညီချက်ကို ရယူနိုင်ရန် ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အကြောင်းကတော့အာဆီယံမှာ သက်တမ်းလိုက်ပြိုင်ပွဲတွေကိုကျင်းပနေပေမယ့် ယူ-၂၁အမည်နဲ့ကျင်းပတဲ့ ပြိုင်ပွဲကြတော့ မရှိသေးဘူး။ အခုဆိုအာရှမှာ ယူ-၁၉ပြိုင်ပွဲ၊ယူ-၂၀ပြိုင်ပွဲ၊ယူ-၂၁ပြိုင်ပွဲ အသီးသီးကျင်းပနေပြီဖြစ်တဲ့အတွက် အာရှအဆင့်ကိုတက်လှမ်းရင် သက်တမ်းအလိုက် အဆင်သစ်ဖြစ်ဖို့အတွက် ထည့်သွင်းကျင်းပဖို့ ဆွေးနွေးကြတဲ့အခါ ယူ-၂၃ပြိုင်ပွဲအဖြစ် ကျင်းပနေတဲ့ဆီးဂိမ်းမှာ ယူ-၂၁ အဖြစ်ပြောင်းလဲ ဖို့ကြိုး စားနေကြခြင်းဖြစ်ပါတယ် ဟု၎င်းကဆက်လက်ပြောသည်။

အာဆီယံတွင် သက်တမ်းလိုက်ပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ယူ-၁၂၊၁၃၊၁၄၊၁၅၊၁၆၊၁၇၊၁၈၊၁၉၊၂၀၊၂၃ အစရှိသည်ပြိုင်ပွဲများကို ကျင်းပခဲ့ ဖူးသော်လည်းယူ-၂၁ပြိုင်ပွဲအဖြစ် ကျင်းပဖူးခြင်းမရှိသေးကြောင်းသိရသည်။

မြန်မာအသင်းသည်သက်တမ်းလိုက်ပြိုင်ပွဲအားလုံးနီးပါးကို ၀င်ရောက်ယှဉ်ပြိုင်ဖူးပြီး လက်ရှိတွင်လည်း သက်တမ်းလိုက်အသင်းများကို ဖွဲ့စည်းထားနိုင်သည့်အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌနေရာ ကိုလည်းကောင်း  ၊ အာဆီယံလူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌတာဝန်ကိုလည်းကောင်း ပူးတွဲထမ်းဆောင်လျက် ရှိကြောင်းသိရသည်။

U Myo Thant




<< Back SEA Games News


Advertisement
Here