Europe News

အထုတ်ခံရသောလိုင်လီနည်းပြ

Nov 12 , 2015

ပြင်သစ်လိဂ်ဝမ်းကလပ်မှလိုင်လီအသင်းမှာ  နည်းပြ ရီနတ်ဒ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

လိုင်လီအသင်းမှာ လိဂ်ပွဲ၁၃ပွဲကစားပြီးရာတွင် ၂ပွဲနိုင်၇ပွဲသရေ၄ပွဲရှုံး ၁၃မှတ်ဖြင့် အဆင့်၁၆သို့ရောက်ရှိနေခဲ့ပြီးနောက် ထုတ်ပယ် လိုက်ခြင်းဖြစ်သည်။

အိုင်ဗရီကို့စ်အသင်းကို အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရန်စွမ်းဆောင်ပေးခဲ့သော ရီနတ်ဒ်မှာ လွန်ခဲ့သောမေလတွင် လိုင်လီနည်းပြအဖြစ် ၃နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်သည်။

အသက်၄၇နှစ်ရှိ ရီနတ်ဒ်ကို ထုတ်ပယ်လိုက်ပြီးနောက် လိုင်လီအသင်းမှာ လက်ထောက်နည်းပြ ကောလော့ ကိုယာယီ တာဝန်ပေးထားပြီး မကြာမီနည်းပြသစ်ထပ်ခန့် လိမ့်မည်ဖြစ်သည်။

လိုင်လီအသင်းမှာ လွန်ခဲ့သော၂ရာသီတွင် နည်းပြ ဂီရာဒ်လက်ထက်၌ အဆင့်၃နှင့်အဆင့်၈ နေရာတို့ သို့ ရောက်ရှိရပ်တည်နိုင်ခဲ့သော အသင်းဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here