Europe News

ရေနာအကြောင်းပြောတဲ့ ဗီအဲရာ

Nov 13 , 2015

နယူးယောက်စီးတီးအသင်းနည်းပြအဖြစ် တာဝန်ယူတော့မည့်ဗီအဲရာက သူ့အနေနှင့်အသင်းမှအားကစား ဒါရိုက်တာ ကလော်ဒီယိုရေနာထံမှ သင်ယူစရာများစွာရှိနေကြောင်း ပြောဆိုလိုက်သည်။

အာဆင်နယ်ကစားသမားဟောင်းဖြစ်သူ ဗီအဲရာမှာ မန်စီးတီးလူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တွင် နည်းပြလုပ်ခဲ့သူဖြစ်ပြီး ယခုအခါ အသင်းတစ်သင်းကို ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူရခြင်းဖြစ်သည်။

ရေနာမှာ ရိန်းဂျားစ်၊ဆန်းဒါးလန်း၊မန်စီးတီး၊လေဗာကူဆင် အသင်းများတွင်ကစားခဲ့ကာ နောက်ဆုံးကစားခဲ့သောအသင်းမှာ နယူးယောက်စီးတီး အသင်းဖြစ်သည်။

ဗီအဲရာကရေနာမှာ ကစားသမားဘ၀ အတွေ့အကြုံကောင်းများစွာရှိသူဖြစ်ပြီး မေဂျာလိဂ်အကြောင်းကိုလည်း သိသူဖြစ်ကြောင်း၊ထို့ကြောင့် မိမိအနေနှင့် သူ့ထံမှသင်ယူရန်များစွာ လိုအပ်သည်ဟုခံယူထားပါကြောင်း၊ဘောလုံးပွဲများမှာ ၁၁ယောက်ချင်းကစားရသည့်ပွဲများသာဖြစ်သကဲ့သို့ ကွင်းများမှာလည်း ထိုအကျယ်အ၀န်းသာဖြစ်ကြောင်း၊ သို့သော် လိဂ်တစ်ခုနှင့်တစ်ခုကစားဟန်နှင့် ကစားကြပုံမှာ ကွဲပြားကြကြောင်း၊ မည်သို့ ပင်ဖြစ်စေ မိမိကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here