Euro 2016

နော်ဝေအကြောင်းပြောတဲ့နည်းပြ

Nov 13 , 2015

လာမည့် Play-off ဒုတိယအကျော့ပွဲစဉ်တွင် နော်ဝေမှာ ရေပန်းစားသည့်အသင်းအဖြစ်ဆက်ရှိနေဦးမည်ဟု ထင်မြင်မိကြောင်း ဟန်ဂေရီနည်းပြ ဘန်းစတော့ခ်က ပြောဆိုလိုက်သည်။

ဟန်ဂေရီအသင်းမှာ ယူရို၂၀၁၆ခြေစစ်ပွဲPlay-off ပထမအကျော့အဖြစ်နော်ဝေနှင့် အဝေးကွင်းပွဲစဉ်ကို  ယမန်နေ့က ကစားခဲ့ရာ ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သဖြင့် ခြေစစ်ပွဲအောင်ရန် နီးစပ်သွားပြီဖြစ်သည်။

ဟန်ဂေရီအနေနှင့် လာမည့်တနင်္ဂနွေနေ့တွင် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းတွင်လက်ခံကစားရမည်ဖြစ်ပြီး သရကျရုံဖြင့်ယူရို ၂၀၁၆ နောက် ဆုံးပြိုင်ပွဲသို့ ၀င်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

စတော့ခ်ကနော်ဝေဟာ ရေပန်းစားနေဆဲပါ၊သူတို့မှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်၊ကျနော်တို့ လိုတာကတော့ ဒီကနေ့ လို ခြေ စွမ်းမျိုး ပြန်ကစားနိုင်ဖို့ပါပဲ ဟုပြောဆိုသွားခဲ့သည်။

ယူရို၂၀၁၆ အခြားPlay-off ပွဲစဉ်များတွင် ဘော့စနီးယားနှင့်အိုင်ယာလန်၊ယူကရိန်းနှင့်ဆလိုဗေးနီးယား၊ဆွီဒင်နှင့်ဒိန်းမတ် တို့သည် လည်း နှစ်ကျော့စီကစားကြရဦးမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here