Euro 2016

အင်္ဂလန်-ပြင်သစ်ပွဲဖျက်သိမ်း

Nov 14 , 2015

ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း၁၅၀ကျော် သေဆုံးခဲ့ရပြီးနောက် နိုင်ငံကို အရေးပေါ် အခြေ အနေကြေညာထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းနှင့် လန်ဒန်တွင်ခြေစမ်းမည့်ပွဲစဉ်ကိုလည်း ပြင်သစ်ဘက်မှ ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

ယမန်နေ့ညက ပဲရစ်မြို့တော်၏နေရာ ခြောက်နေရာခန့်တွင် အကြမ်းဖက်ဗုံးခွဲမှုနှင့် သေနတ်ဖြင့်ပစ်ခတ်မှုများဖြစ်ပွား ခဲ့ပြီး ပြင်သစ်နှင့် ဂျာမနီ တို့ ခြေစမ်းပွဲကစားနေသည့် စတိတ်ဒီဖရန့်ကွင်း အပြင်တွင်လည်း လူ၃ဦးသေဆုံးခဲ့ရသည်။

ထိုဗုံးခွဲပစ်ခတ်မှုများမှာ ဘောလုံးပြိုင်ပွဲပြီးချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပရိသတ်ရှစ်သောင်းခန့်မှာကွင်းအတွင်းသို့ဆင်းကာ လုံခြုံရေးအရစိတ်ချ ရအချိန်ထိစောင့်ဆိုင်း နေခဲ့ရပြီး ပြင်သစ်သမ္မတမှာလည်း ကွင်းအတွင်းတွင်ရှိနေခဲ့သူဖြစ်သည်။

ပြင်သစ်မှာလာမည့် ယူရို၂၀၁၆ ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည့် နိုင်ငံဖြစ်သည်။

အမေရိကန်တီးဝိုင်းတစ်ခု ဖျော်ဖြေပွဲလုပ်နေသည့် ပြဇတ်ရုံတွင် လူသေမှုအများဆုံးဖြစ်ခဲ့ပြီး အကြမ်းဖက်သမားများက ပရိသတ်များ ကိုပြန်ပေး ဆွဲထားခဲ့ကာ သေနတ်ဖြင့် သွေးအေးစွာပစ်သတ်ကြခြင်းကြောင့်ဖြစ်သည်။

အကြမ်းဖက်သမားများဟု ယူဆရသူများကို ပြင်သစ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်နိုင်ခဲ့သော်လည်း မည်မျှလွှတ်မြောက်သွားသည်ကိုမှု မသိရှိရပေ။

U Myo Thant




<< Back Euro 2016


Advertisement
Here