Euro 2016

ခြေစမ်းပွဲဆက်ကစားမည့်ပြင်သစ်

Nov 16 , 2015

လွန်ခဲ့သော သောကြာနေ့တွင် ပဲရစ်မြို့တော်၌ လူပေါင်း၁၂၉ဦးသေဆုံးခဲ့ရသော အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရသော်လည်း ပြင်သစ်မှာအင်္ဂလန်နှင့် ကစားရမည့်အင်္ဂါနေ့ခြေစမ်းပွဲကို ကစားရန်ဆုံးဖြတ်လိုက်ကြောင်းသိရသည်။

ဗုံးခွဲတိုက်ခိုက်မှု၃နေရာနှင့် ပစ်ခတ်အကြမ်းဖက်မှု၃နေရာတို့တွင် စုစုပေါင်း၁၂၉ဦးသေဆုးံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်ကပြင်သစ်နှင့်ဂျာမနီ တို့၏ ခြေစမ်းပွဲပြီးခါစ အချိန်ဖြစ်သဖြင့် ပွဲကြည့်ပရိသတ်များမှာ လုံခြုံရေးအရ ကွင်းအတွင်းတွင် ခေတ္တနေခဲ့ကြရသေး သည်။

ထိုအချိန်က အင်္ဂလန်နှင့်ကစားမည့် ခြေစမ်းပွဲကို ဖျက်သိမ်းရန်စီစဉ်ခဲ့ကြသော်လည်း ဘောလုံးကမ္ဘာမှာ အကြမ်းဖက်သမားတို့ လိုလားသကဲ့ သို့ပြိုကွဲခြင်းမရှိပဲ စုစည်းညီညွတ်လျက်ရှိနေကြောင်းပြသရန်ဟူသော အကြောင်းပြချက်ဖြင့် အင်္ဂါနေ့ ၀င်ဘာလေတွင် ခြေစမ်းပွဲ ဆက်ကစား မည်ဖြစ်သည်။

အင်္ဂလန်ယူ-၂၀အသင်း၏ ပြင်သစ်ယူ-၂၀နှင့်ကစားရမည့် ပြီးခဲ့သော စနေနေ့ပွဲစဉ်ကိုမှု ဖျက်သိမ်းရွှေ့ဆိုင်းခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here