Euro 2016

ယူရိုဝင်ခွင့်ရသောဟန်ဂေရီ

Nov 16 , 2015

နည်းပြဘန်းဒ်စတော့ခ်၏ ဟန်ဂေရီအသင်းမှာ ယူရို၂၀၁၆ခြေစစ်ပွဲ Play-off ပွဲစဉ်တွင် နော်ဝေကိုနှစ်ကျော့ပေါင်း ၃း၁ဖြင့်အနိုင်ရကာ နှစ်ပေါင်း ၃၀အတွင်း အဓိကပြိုင်ပွဲကြီးတစ်ခုသို့ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။

Play-off ပထမအကျော့အဝေးကွင်းတွင် ကလိုင်ဟိုင်စလာ၏ ဂိုးဖြင့်အနိုင်ရခဲ့သော ဟန်ဂေရီအသင်းမှာ ဒုတိယအကျော့တွင်လည်း ပရစ္စကင်၏ ဦးဆောင်နိုင်ခဲ့ပြီး နော်ဝေမှ နိုင်လန်းက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းကြောင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်များ တိုးပွားခဲ့ကာဟန်ရစ်ဆန် က နော်ဝေအတွက် ချေပဂိုးသွင်းပေးခဲ့သော်လည်း လိုက်မမီတော့ပဲ ဟန်ဂေရီက၃း၁ဖြင့် ခြေစစ်ပွဲအောင်သွားခြင်းဖြစ်သည်။

ဟန်ဂေရီအသင်းမှာ ယူရို၂၀၁၆ခြေစစ်ပွဲ နောက်ဆုံး၎ပွဲတွင်၃ပွဲနိုင်ခဲ့ပြီး လာမည့်နောက်ဆုံးအဆင့် ယူရိုပြိုင်ပွဲကြီးတွင် အခြေအနေကောင်းစေ ရန် ကြိုးပမ်းသွားမည်ဟု နည်းပြစတော့ခ်ကပြောဆိုခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here