Euro 2016

ဒိုင်ကိုအပြစ်တင်တဲ့နည်းပြ

Nov 17 , 2015

ဘော့စနီးယားနည်းပြ ဘက်ဒါရီဗစ်က ၎င်းတို့အသင်းအနေနှင့် ကွင်းလယ်ဒိုင်၏အငြင်းပွားစရာ ပင်နယ်တီပေးလိုက်ရခြင်းမှအစပြု၍ ရှုံးပွဲတွေ့ခဲ့ ရခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဘောစနီးယားအသင်းမှာ ယူရို၂၀၁၆ပြိုင်ပွဲခြေစစ်ပွဲအတွက် အိုင်ယာလန်နှင့် Play-off ဒုတိယအကျော့ပွဲ ကစားရာတွင် ၂းဝဖြင့်ရှုံးနိမ့် ကာ နှစ်ကျော့ပေါင်း ၃း၁ဖြင့် ခြေစစ်ပွဲ ကျရှုံးခဲ့ခြင်းဖြစ်သည်။

နည်းပြဖြစ်သူက ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်ပေါ်တွင် မိမိထပ်၍ အငြင်းမပွားလိုတော့ကြောင်း မိမိတို့အနေနှင့် မိမိတို့ရှုံးခဲ့ပြီ ဆိုသည်ကို လက်ခံ ပါကြောင်း အိုင်ယာလန်ကစားပုံမှာ မိမိတို့ထက်ပိုကောင်းပြီး အခွင့်အရေးများလည်း ဖန်တီးသွားနိုင်ခဲ့ကြောင်း၊ မိမိတို့အနေနှင့် နိုင်ပွဲမရခဲ့ သဖြင့် ပရိသတ်ကိုတောင်းပန်ကြောင်း၊ခြေစစ်ပွဲ ပွဲစဉ်တစ်လျှောက်မှာ ခက်ခဲသောလမ်းဖြစ်ခဲ့ပြီး ပြည့်စုံလုံလောက်သော ကံကောင်းမှုမျိုးလည်းမရ ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

ဘောစနီးယားမှာ အသင်းသမိုင်းတစ်လျှောက် ယူရိုခြေစစ်ပွဲ အောင်ခဲ့ဘူးခြင်း မရှိသေးပေ။

U Myo Thant




<< Back Euro 2016


Advertisement
Here