Euro 2016

ယူရိုပြိုင်ပွဲပြင်သစ်တွင်သာကျင်းပမည်

Nov 17 , 2015

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်းတစ်ရာကျော်သေဆုံးခဲ့ရသော်လည်း လာမည့်၂၀၁၆ယူရိုပြိုင်ပွဲများကို ပြင်သစ်တွင်သာ ကျင်းပ မည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

လွန်ခဲ့သော သောကြာနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်တွင် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများကြောင့် လူပေါင်း၁၂၉ဦးသေ ဆုံးခဲ့ရပြီး အကြမ်းဖက်သမားအချို့ကို အသေပစ်သတ်နှိမ်နင်းခဲ့ကာ တစ်ဦးကိုနယ်စပ်တွင် ဖမ်းမိခဲ့သော်လည်း အချို့မှာလွတ်မြောက်သွားခဲ့သည် ဟုဆိုသည်။

ထိုဖြစ်ရပ်ကြောင့် ပြင်သစ်တွင်ကျင်းပနေသည့် လိဂ်ဖလားပွဲ ပွဲစဉ်အချို့ကို ဖျက်သိမ်းခဲ့သော်လည်း အများစုမှာ မူလပွဲချိန်များအတိုင်းကစားခဲ့ကြပြီး အင်္ဂလန်နှင့်ကစားမည့် ပြင်သစ်၏ ခြေစမ်းပွဲကိုလည်း ဖျက်သိမ်းခဲ့ခြင်းမရှိပေ။

လာမည့်၂၀၁၆ယူရိုပြိုင်ပွဲအတွက် ပွဲစဉ်ဇယားမဲခွဲရေးဆွဲခြင်းကို ဒီဇင်ဘာ၁၂ရက်နေ့တွင် ပဲရစ်၌ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ဇွန်လ၁၀ရက်မှ ဇူလိုင်လ၁၀ရက်နေ့အထိဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here