Europe News

ဒိန်းမတ်နည်းပြနူတ်ထွက်

Nov 18 , 2015

ဒိန်းမတ်အသင်းကို ၁၅နှစ်တာမျှ ကိုင်တွယ်ခဲ့သောနည်းပြ မော်တင်အိုလ်ဆင်မှာ ဆွီဒင်ကိုရှုံး၍ ယူရိုခြေစစ်ပွဲမှထွက်ခဲ့ရပြီးနောက် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သည်။

အသက်၆၆နှစ်ရှိပြီဖြစ်သော အိုလ်ဆင်မှာ မိမိအနေနှင့် ယခုယူရိုပွဲများအပြီးတွင် ရာထူးမှထွက်မည်ဟုလွန်ခဲ့သော မတ်လကပြောဆိုခဲ့ ဘူးသူဖြစ်ပြီး ယခုယူရိုခြေစစ်ပွဲ Play-off အဆင့်တွင် ဆွီဒင်ကိုနှစ်ကျော့ပေါင်း ၃း၎ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် နှုတ်ထွက်သွားခြင်းဖြစ်သည်။

အိုလ်ဆင်က မိမိအနေနှင့်အသင်းခြေစစ်ပွဲအောင်ရေး ကြိုးစားပေးသွားမည်ဖြစ်ပြီး အကယ်၍မအောင်မြင်ခဲ့ပါက ထွက်မည်ဟု အသင်းသား များနှင့်အတူဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများကိုပါ ပြောဆိုထားပြီဖြစ်ကြောင်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ခြင်းကြောင့် တောင်းပန် ပါကြောင်းပြောဆိုသွားခဲ့သည်။

အိုလ်ဆင်မှာ၁၉၇၀မှ၁၉၈၉အထိ ဒိန်းမတ်လက်ရွေးစင်အဖြစ် ၁၀၂ပွဲ ကစားပေးခဲ့သူဖြစ်ပြီး ယူရို၂၀၀၀ပြိုင်ပွဲတွင် ဒိန်းမတ်နည်းပြအဖြစ် စတင် တာဝန်ယူခဲ့သူဖြစ်သည်။

သူသည်ဒိန်းမတ်အသင်းကို ၂၀၀၂နှင့်၂၀၁၀ကမ္ဘာ့ဖလားပွဲများ၊ယူရို၂၀၀၄နှင့်၂၀၁၂ပွဲများတွင် ဒိန်းမတ်ကို ခြေစစ်ပွဲအောင်စေခဲ့သူဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here