Euro 2016

ခြေစမ်းပွဲတွင်ရွန်းနီဂိုးသွင်း

Nov 18 , 2015

အင်္ဂလန်နှင့်ပြင်သစ်တို့ဝင်ဘာလေတွင် ကစားကြသောခြေစမ်းပွဲတွင် အင်္ဂလန်က၂းဝဖြင့်အနိုင်ရခဲ့ပြီး ဒုတိယအနိုင်ဂိုးကိုရွန်းနီကသွင်းယူပေးနိုင်ခဲ့ သည်။

လွန်ခဲ့သော သောကြာနေ့ကပြင်သစ်နိုင်ငံတွင် လူပေါင်း၁၂၉ဦးသေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ယခုပွဲကိုဖျက်သိမ်းရန် စဉ်းစားခဲ့သေးသော်လည်း အကြမ်းဖက်ဝါဒကြောင့် ဘောလုံးလောကသားများစည်းလုံးညီညွှတ်မှုကို ဖြိုခွင်း၍မရဟူသော သဘောဖြင့်စီစဉ် ထားသည့်အတိုင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

ပရိသတ်ပေါင်း၇သောင်းကျော် လာရောက်အားပေးခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနှင့်တော်ဝင်အိမ်ရှေ့မင်းသား ၀ီလျံတို့က ပြင်သစ် တွင်သေဆုံးခဲ့ကြသူများ အတွက် ပရိသတ်နှင့်အတူငြိမ်သက်ဆုတောင်းခဲ့ပြီး ပြင်သစ် အမျိုးသားသီချင်းဖြင့် ပြိုင်ပွဲ ကိုဖွင့်လှစ်ခဲ့ သည်။

သို့သော်လုံခြုံရေးအခြေအနေများကြောင့်ဘယ်လ်ဂျီယံ-စပိန်ပွဲနှင့် ဂျာမနီ-ဟော်လန်ပွဲစဉ်များကို ဖျက်သိမ်းခဲ့ကြောင်းသိရသည်။

အင်္ဂလန်-ပြင်သစ်ပွဲသို့ နှစ်ဘက်နည်းပြများနှင့်အတူ FA  ဥက္ကဋ္ဌလည်းပါဝင်တက်ရောက်ခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here