Euro 2016

ယူရို၂၀၁၆အုပ်စုအနေအထား

Nov 18 , 2015

ပြင်သစ်နိုင်ငံတွင်ကျင်းပမည့် ၂၀၁၆ဥရောပချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲခြင်းကို ဒီဇင်ဘာ၁၂ရက်တွင်ကျင်းပမည်ဖြစ်ပြီး အဆင့် လိုက်နေရာသတ်မှတ်မှုများကို ရေးဆွဲခဲ့ပြီဖြစ်သည်။

မဲအိုးအမှတ်၁အဖြစ်သတ်မှတ်ထားသည့်အထဲတွင် အိမ်ရှင်ပြင်သစ်နှင့်အတူ စပိန်၊ဂျာမနီ၊အင်္ဂလန်၊ပေါ်တူဂီ၊ဘယ်လ်ဂျီယံ၊မဲအိုးအမှတ်၂တွင် အီတလီ၊ရုရှ၊ဆွတ်ဇာလန်၊သြစတြီးယား၊ခရိုအေးရှား၊ယူကရိန်း၊မဲအိုး၃တွင် ချက်၊ဆွီဒင်၊ပိုလန်၊ရိုမေးနီးယား၊ဆလိုဗေးနီးယား၊ဟန်ဂေရီ၊မဲအိုး၎တွင် တူရကီ၊အိုင်ယာလန်၊အိုက်စလန်၊ဝေလ၊အယ်လ်ဘေးနီးယား၊မြောက်အိုင်ယာလန်တို့ပါဝင်ကြသည်။

ထိုပြိုင်ပွဲတွင်၎သင်းစီပါသော အုပ်စု၆စုဖြစ်ကစားရမည်ဖြစ်ပြီး အုပ်စုပထမနှင့်ဒုတိယရ အသင်းစုစုပေါင်း၁၂သင်းနှင့် အကောင်းဆုံးတတိယ ရ၄သင်းတို့မှာ ရှုံးထွက်အဆင့်ပွဲစဉ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

ယူရို၂၀၁၆ပြိုင်ပွဲကို ၂၀၁၆ဇွန်လ၁၀ရက်သောကြာနေ့မှစ၍ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင်လ၁၀ရက် တနင်္ဂနွေနေ့တွင် ကစားရ မည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here