World CUp 2014 News

ရွှေဘောလုံးဆန်ကာတင်စာရင်းထွက်

Jul 12 , 2014

ဖီဖာ၏ ရွှေဘောလုံးဆုအတွက် ကစားသမား ၁၀ ဦးပါ ဆန်ကာတင်စာရင်းထွက်ပေါ်လာပြီဖြစ်ပြီး ယင်းတို့အနက် ၇ ဦးမှာ ကမ္ဘာ့ဖလားဖိုင်နယ်ရောက် ကစားသမားများ ဖြစ်ကြောင်း သိရသည်။

ထိုစာရင်းနှင့်အတူ အကောင်းဆုံး ဂိုးသမားဆုနှင့် အကောင်းဆုံး လူငယ်ကစားသမားဆုတို့အတွက် ဆန်ကာတင် ၃ ဦးစာရင်း လည်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ရွှေဘောလုံးဆုအတွက် ဆန်ကာတင် ၁၀ ဦးတွင် ကမ္ဘာ့ဖလားဖိုင်နယ်ရောက် ဂျာမနီမှ မူလာ၊ တိုနီခရူးစ်၊ ဟမ်မဲလ်စ်နှင့် ဖိလစ်လမ်း၊ အာဂျင်တီးနားမှ မက်ဆီ၊ ဒီမာရီယာနှင့် မာရှေယာနိုတို့ ပါဝင်ကြသည်။

အခြား ၃ ဦးမှာ ဘရာဇီးမှ နေမာ၊ ဟော်လန် ရော်ဘင်နှင့် ကိုလံဘီယာမှ ရိုဒရီဂုဇ် တို့ဖြစ်ကြသည်။

အကောင်းဆုံးဂိုးမားဆုအတွက် ဂျာမနီမှ နူအာ၊ အာဂျင်တီးနားမှ ရိုမိယိုနှင့် ကော်စတာရီကာမှ နာဗက်စ်တို့ထဲမှ တစ်ဦးရွေးချယ်ခံရ မည်ဖြစ်ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဟော်လန်တောင်ပံကစားသမား ဒီပေး၊ ပြင်သစ်မှ ပိုဂဘာနှင့် ဗာရာနီ တို့ထဲမှ တစ်ဦး ရရှိမည် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here