Bundesliga News

ရှုံးပွဲတွေ့တဲ့ဒေါ့မွန်

Nov 21 , 2015

နိုင်ပွဲဆက်နေခဲ့သောဒေါ့မွန်အသင်းမှာ ဟမ်းဘတ်နှင့်ကစားရသည့် အဝေးကွင်းပွဲစဉ်တွင် ၃း၁ဖြင့်ရှုံးပွဲတွေ့သွားခဲ့ပြီဖြစ်သည်။

လုံခြုံရေးအရစစ်ဆေးပြုလုပ်နေခြင်းကြောင့် ပွဲကစားချိန် ၁၅မိနစ်ခန့် နောက်ကျခဲ့ရသောထိုပွဲတွင် အိမ်ရှင်ဘက်မှ ၁၉မိနစ်၌ ပင်နယ်တီရခဲ့ပြီး ၄၁မိနစ်တွင် နောက်တစ်ဂိုးရရှိခဲ့သည်။

၅၅မိနစ်တွင်ဒေါ့မွန်မှ ဟမ်းမဲလ်က ကိုယ့်ဂိုးကိုယ်သွင်းခဲ့သဖြင့် အိမ်ရှင်က၃ဂိုးပြတ်ဖြင့် ဦးဆောင်နေခဲ့ကာ ဒေါ့မွန်မှာ ၈၆မိနစ်မှသာ နှစ်သိမ့်ချေပဂိုး တစ်ဂိုးရရှိခဲ့သည်။

ယခုရှုံးပွဲကြောင့် ဒေါ့မွန်မှာ တစ်ပွဲလျော့ကစားထားသောဇယားထိပ်မှ ဘိုင်ယန်နှင့်၅မှတ်ကွာဟသွားပြီးဖြစ်ပြီး ဟမ်းဘတ်က ၁၈မှတ်ဖြင့် အဆင့် ၈သို့ရောက်ရှိလာခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here