World CUp 2014 News

အီတလီဒိုင် ကိုင်မည့်ဖိုင်နယ်

Jul 12 , 2014

အီတလီသား နီကိုလာရစ်ဇိုလီသည် ဂျာမနီနှင့် အာဂျင်တီးနားတို့ ကစားကြမည့်ကမ္ဘာ့ဖလားဖိုင်နယ်တွင် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူမည်ဖြစ်သည်။

 တောင်အာဖရိကတွင် ကျင်းပခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားဖိုင်နယ်တွင် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့သည့် အင်္ဂလန် မှဟောင်းဝပ် ၀က်ဘ်မှာ ယခု ၂၀၁၄ ဖိုင်နယ်အတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်သော်လည်း တာဝန်ပေးခြင်းမခံခဲ့ရပေ။

ရစ်ဇိုလီမှာ အီတလီနိုင်ငံ ဘိုလော့နာမြို့မှ ဗိသုကာပညာရှင်တစ်ဦးလည်းဖြစ်ပြီး ဘရာဇီးကမ္ဘာ့ဖလားပွဲတွင် ပွဲစဉ် ၃ ပွဲကို ကိုင်တွယ်ခဲ့ပြီး ဖြစ်သည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သောရစ်ဇိုလီ ကိုင်တွယ်ခဲ့သည့် ပွဲစဉ်များမှာ စပိန် - ဟော်လန်၊ နိုင်ဂျီးရီးယား - အာဂျင်တီးနား၊ အာဂျင်တီးနား - ဘယ်လ်ဂျီယံပွဲစဉ်များဖြစ်သဖြင့် အာဂျင်တီးနား ပါဝင်သောပွဲစဉ်များအနက် ၃ ပွဲမြောက်ဖြစ် ကိုင်တွယ်မည့် သူ ဖြစ်သည်။

သူသည် အက်သလက်တီကိုနှင့် ဖူဟမ်တို့ ကစားသည့် ၂၀၁၀ ယူရိုပါလိဂ် ဖိုင်နယ်၊ ဘိုင်ယန်နှင့် ဒေါ့မွန်တို့ ယှဉ်ပြိုင်သည့် ၂၀၁၃ ချန်ပီယံလိဂ် ဖိုင်နယ်တို့ကိုလည်း ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

အီတလီသားများအနက် ရိုနယ်လီက ၁၉၇၈ ဖိုင်နယ်၊ ကော်လီနာက ၂၀၀၂ ဖိုင်နယ်တို့ကို ကိုင်တွယ်ခဲ့ပြီးနောက် တတိယမြောက်အီတလီသားအဖြစ် ရစ်ဇိုလီက ၂၀၁၄ ဖိုင်နယ်ကို တာဝန်ယူခွင့် ရခဲ့ခြင်းလည်း ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here