Bundesliga News

စာချုပ်သစ်နှင့်ဂွာဒီယိုလာ

Nov 25 , 2015

ဂျာမနီဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်အနေနှင့် နည်းပြဂွာဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ယုံကြည်မှုအပြည့် ရှိနေသည်ဟု ဆိုသည်။

ဘိုင်ယန်အနေနှင့် တစ်ရာသီလျင် လုပ်ခလစာပေါင်၁၇သန်းဖြင့် နှစ်ရာသီစာချုပ်သက်တမ်း တိုးနိုင်ရန်ကြိုးစားနေပြီး ခရစ္စမတ်မတိုင်မီ အကောင် အထည်ပေါ်လာမည်ဟု အချို့သတင်းများက ဖော်ပြခဲ့ကြသည်။

ပရီးမီးယားလိဂ်တွင် ရလဒ်မကောင်းသေးသောချဲလ်ဆီးနှင့် အဝေးကွင်းတွင် ဒုက္ခများနေတတ်သော မန်စီးတီးတို့မှာ ၎င်းတို့၏လက်ရှိနည်းပြနေရာ တွင် ဂွာဒီယိုလာကို အစားထိုး ခေါ်ယူလိမ့်မည်ဟု သတင်းထွက်နေသည်မှာကြာပြီဖြစ်ပြီး ထို့အတွက်ကြောင့်လည်း ဘိုင်ယန်က လစာများ စွာပေး၍ ကမ်းလှမ်းနေခြင်းဖြစ်သည်။

အခြားသတင်းတစ်ရပ်တွင်မှု မန်ယူအသင်းသည် ၂၀၁၇ တွင် စာချုပ်သက်တမ်းပြည့်မည့် လက်ရှိနည်းပြဗန်ဂေါလ်နေရာတွင် ဂွာဒီယိုလာကိုခေါ် ယူရန် စီစဉ်နေသည်ဟုလည်းဆိုသည်။

ဂွာဒီယိုလာကလည်း သူ့အနေနှင့် ပရီးမီးယားလိဂ်တွင် နည်းပြလုပ်ချင်သေးသည်ဟု ပြောဆိုထားသဖြင့် မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရဦး မည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here