Bundesliga News

စံချိန်တင်အမြတ်နှင့်ဘိုင်ယန်

Nov 28 , 2015

ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်အသင်းမှာ အသင်းသက်တမ်း ၁၁၅နှစ်အတွင်း ၀င်ငွေအများဆုံးနှင့်အမြတ်အများဆုံးစံချိန် တင်နိုင်ခဲ့ကြောင်းသိ ရသည်။

၂၀၁၄-၁၅ရာသီအ တွင်းတွင်ဘိုင်ယန်မှာဝင်ငွေ ၃၆၈သန်းရှိခဲ့ပြီး အမြတ်ငွေမှာ ပေါင်၇၈သန်း ရရှိခဲ့သည်ဟုဆိုသည်။

နည်းပြဂွာဒီယိုလာကိုင်တွယ်နေသော ဘိုင်ယန်အသင်းမှာ လက်ရှိတွင် ဘွန်ဒစ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပြီး ယခုကဲ့သို့ဝင်ငွေ အခြေ အနေဆက်လက် တိုးတက်ကောင်းမွန်နေပါက ၂၀၂၀တွင် ကမ္ဘာ့အချမ်းသာဆုံးကလပ်အဖြစ် စံချိန်တင်နိုင်ရန်လည်း ရည်မှန်းထားကြောင်း အသင်းနှစ်ပါတ်လည် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဟော့မ်နာကပြောဆိုသွားခဲ့သည်။

ဘိုင်ယန်အနေနှင့် အများပိုင်ကလပ် တစ်ခုဖြစ်ရေးအတွက် လွန်ခဲ့သော ၁၀နှစ်ကျော်ကပင် စတင်ကြိုးပမ်းခဲ့ပြီး အသင်းအနေနှင့်လည်းပြည်တွင်း တွင်သာမကပဲ ဥရောပပြိုင်ပွဲများတွင်ပါ အများကလေးစားရ သောထိပ်တန်းကလပ်တစ်ခုအဖြစ် ပီပီပြင်ပြင် ရပ်တည်လာနိုင်ခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here