Euro 2016

လုံခြုံရေးဦးစားပေးမည့် PSG

Nov 28 , 2015

ပဲရစ်အကြမ်းဖက်မှုအပြီး ပထမအိမ်ကွင်းပွဲကစားရမည့်  PSG အသင်းသည် ပရိသတ်များနှင့်ကစားသမားများ လုံခြုံရေးအတွက် အထူးဦးစားပေးဆောင်ရွက်မည် ဟုဆိုသည်။ PSGအသင်းမှာ ယနေ့ညတွင် အိမ်ကွင်း၌ ထရွိုင်ယက်စ်အသင်းကို ဧည့်ခံကစားရမည်ဖြစ်ပြီး ပရိသတ်များအနေနှင့် လုံခြုံရေးဝန်ထမ်းများ၏ တာဝန်အရ စစ်ဆေးမှုကို နားလည်ပေးရန်လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားခဲ့သည်။ ပြင်သစ်လိဂ်အသီးသီး၏ပွဲစဉ်များတွင် အဝေးကွင်းပရိသတ်များ လာရောက်ကြည့်ရှု အားပေးခွင့်ကို ဒီဇင်ဘာလလယ်အထိ ပိတ်ပင်ထားပြီး အိမ်ခံအသင်းပရိသတ်များသာ ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ လူပေါင်းတစ်ရာကျော်သေဆုံးခဲ့ ရသော နိုဝင်ဘာ၁၃ရက် ပဲရစ်အကြမ်းဖက်မှုအပြီးတွင် PSGမှာ လိဂ်ဝမ်းပွဲ၁ပွဲနှင့် ချန်ပီယံလိဂ်ပွဲ၁ပွဲ ကစားခဲ့ပြီးဖြစ်သော်လည်း ထိုပွဲများမှာ အဝေးကွင်းပွဲများ သာဖြစ်သည်။ လောရင့်ဘလန့်စ်ကိုင်တွယ်နေသောPSG အသင်းမှာ ထို၂ပွဲတွင် လိုရီးရင့်ကို ၂း၁၊မဲလ်မိုကို ၅းဝတို့ဖြင့်အနိုင်ရခဲ့သည်။  PSGမှာလောလောဆယ် ပြင်သစ်လိဂ်ဝမ်းတွင် ၁၃မှတိဖြတ်၍ဦးဆောင်နေကာ ၄ကြိမ်ဆက်ချန်ပီယံဖြစ်ရေးအတွက် အကောင်းဆုံးအခြေအနေတွင်ရှိနေသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here