AFC Champion News

ရန်ကုန်နှင့် တန်းပနိစ်ရိုဗားအသင်း ကစားမည်

Dec 03 , 2015

ရန်ကုန်ယူနိုက်တက်အသင်း စင်ကာပူလိဂ် ဒုတိယရသော တန်းပနိစ်ရိုဗားအသင်းနှင့်၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်တွင် AFC Champion League (ACL) ခြေစစ်ပွဲအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ အိမ်ရှင်အဖြစ်တစ်ကျော့လက်ခံယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲဒုတိယအဆင့်မှ စတင်ကစားခွင့်ရထားသည့် အင်ဒိုနီးရှားကိုယ်စားပြု ကလပ်အသင်းမှာ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို ဖီဖာမှအရေးယူထားသောကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် မသေချာဘဲ အကယ်၍ ပါဝင်ခွင့်မပြုခဲ့ပါက ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ခြေစစ်ပွဲအဆင့်(၂)မှ စတင်ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိကြောင်း သိရသည်။

ခြေစစ်ပွဲပထမအဆင့်တွင် ကလပ်အသင်းလေးသင်းရှိသော်လည်း အင်ဒိုနီးရှားကိုယ်စားပြုအသင်းအစား ခြေစစ်ပွဲပထမအဆင့်မှ MA Ranking အမြင့်ဆုံးအသင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းမှာ ခြေစစ်ပွဲဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ယှဉ်ပြိုင်ခွင့်ရ၊ မရကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အနိုင်ရရှိပါက ခြေစစ်ပွဲဒုတိယအဆင့်တွင် တရုပ်ကလပ် Shandong Luneng Taishan အသင်းနှင့် အဝေးကွင်း တစ်ကျော့တည်း သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။ ဒုတိယအဆင့်ပွဲတွင် အနိုင်ရရှိခဲ့ပါက တတိယအဆင့်ပွဲစဉ်တွင် သြစတြေးလျကလပ် Adelaide United နှင့် အဝေးကွင်းပွဲတွင်တစ်ကျော့တည်း ထပ်မံကစားရမည်ဖြစ်သည်။သုံးဆင့်စလုံးဖြတ်ကျော်နိုင်မှသာ AFC Champion League အုပ်စုအဆင့်ပွဲစဉ်များသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိပွဲစဉ်ရေးဆွဲထားမှုအရ ရန်ကုန်ယူနိုက်တက်အသင်းမှာ  စင်ကာပူလိဂ်တွင် ဒုတိယရရှိခဲ့သည့် တန်းပနိစ်ရိုဗားအသင်းနှင့်ကစားရ မည်ဖြစ်ပြီး ခြေစစ်ပွဲပထမအဆင့်မှ စတင်ယှဉ်ပြိုင်ကစားရပါက ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာလက်ရွေးစင် ကစားသမားများသည် Melion Cup ပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိကြောင်းသိရသည်။

U Myo Thant

<< Back AFC Champion News


Advertisement
Here