AFC Champion News

ဒုတိယအဆင့်မှစကစားရမည့်ရန်ကုန်

Dec 05 , 2015

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲများကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး ဒုတိယအဆင့်မှ စတင်ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

မူလက ပထမ အဆင့်မှ စတင်ကစားရမည်ဖြစ်သော်လည်း အာရှချန်ပီယံလိဂ် ခြေစစ်ပွဲဒုတိယအဆင့်မှ စတင်ကစားခွင့်ရထားသည့် အင်ဒိုနီးရှား နိုင်ငံကိုယ်စားပြုကလပ်အသင်းမှာ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို ဖီဖာမှ အရေးယူထားသဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုခဲ့ခြင်းကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ခြေစစ်ပွဲအဆင့်(၂)မှ စတင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ခြေစစ်ပွဲပထမအဆင့်တွင် ကလပ်အသင်းလေးသင်းရှိသော်လည်း  အင်ဒိုနီးရှားကိုယ်စားပြုအသင်းအစား ခြေစစ်ပွဲပထမအဆင့်မှ MA Ranking အမြင့်ဆုံးအသင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းမှာ ခြေစစ်ပွဲဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခုခြေစစ်ပွဲဒုတိယအဆင့်တွင် ထိုင်းလိဂ်မှ အဆင့်(၃) ရရှိသည့်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက ဂျပန် ဂျေလိဂ်ကလပ်အသင်းနှင့်ဆက်လက်ကစားရမည်ဖြစ်ကာ အနိုင်ရရှိပါမှ နောက်ဆုံးအဆင့်အုပ်စုပွဲများကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ မည်ဖြစ်သည်။

U Myo Thant




<< Back AFC Champion News


Advertisement
Here