Europe News

ဒီမာရီယာ မန်ယူမလာချင်ပါ

Jul 12 , 2014

အာဂျင်တီးနားမှ ဒီမာရီယာမှာ ရီးရဲလ်မှထွက်ခွာချင်နေသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်မရထားသော မန်ယူသို့မူ မလာချင်ဟုသိရ သည်။

ရီးရဲလ်အသင်းမှာ ဒီမာရီယာကို ပေါင် သန်း ၄၀ နှင့် ထုတ်ရောင်းမည်ဟု ဆိုသော်လည်း ထိုအာဂျင်တီးနားသားက မန်ယူသို့သွားရန် ကိုမူ ငြင်းပယ်ထားသည်ဟု ဆိုသည်။

ထိပ်တန်း အေးဂျင့်တစ်ဦးဖြစ်သူ မန်ဒက်စ်က ဒီမာရီယာအား ဥရောပထိပ်တန်း အသင်းများနှင့် ချိတ်ဆက်ပေးရန် ကြိုးစားနေသော် လည်း ဒီမာရီယာက ချန်ပီယံလိဂ်ကစားခွင့်ရထားသည့် အသင်းကိုသာ ရွေးမည်ဟု တောင်းဆိုထားခဲ့သည်။

မန်ယူအသင်းမှာ ဖာဂူဆန်မရှိတော့သည့် နောက်ပိုင်း လွန်ခဲ့သောရာသီတွင် ရလဒ်များဆိုးရွားခဲ့ကာ အဆင့် ၇ သာ ရခဲ့သဖြင့် ဥရောပပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရတော့ပေ။

စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်မှာ ဒီမာရီယာကို ခေါ်ယူလိုသော်လည်း ငွေကြေးအဖြစ် အခြေအနေအရ ဖြစ်လာနိုင်ရန် မလွယ်ပဲ ပြင်သစ်လိဂ်ချန်ပီယံ PSG သို့ ရောက်ရှိရန်ပို၍ နီးစပ်သည်ဟုလည်း အချို့သတင်းများက ဖော်ပြကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here