Europa League

ဂိုးသွင်းဘုရင် အီဘရာဟင်မိုဗစ်

Dec 05 , 2015

ပြင်သစ်လိဂ်ဝမ်းပွဲစဉ် ၁၇ အဖြစ်အဝေးကွင်းတွင် အဆင့် ၅ မှ နိုက်စ်အသင်းနှင့်ကစားရသောပွဲ၌ PSGတိုက်စစ်မှုး အီဘရာဟင်မိုဗစ်က ၂ဂိုးသွင်း ယူနိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံး စံချိန်ကိုတင်နိုင်ခဲ့ပြီ ဖြစ်သည်။

ပရိသတ်သုံးသောင်းတစ်ထောင်ကျော် လာရောက်ကြည့်ရှုခဲ့သောထိုပွဲတွင် ၄၄ မိနစ်၌ ပင်နယ်တီမှတစ်ဆင့်၎င်း၊ ၆၁ မိနစ်တွင်ဒီမာရီယာ၏ပေးပို့မှု မှ တစ်ဆင့်၎င်း ဂိုးများသွင်းယူနိုင်ခဲ့ခြင်းပြီး စုစုပေါင်းလိဂ်ဂိုး ၈၇ဂိုးအထိသွင်းယူခဲ့ကာ ဒါလက်၏ ၈၅ဂိုး စံချိန်ကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။

နည်းပြဘလန့်စ်၏  PSG အသင်းမှာ ၂၀၁၅ မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းမှစ၍ ရှုံးပွဲမရှိတော့သည်မှာ ၁၇ ပွဲဆက်တိုက်ရှိလာခဲ့ပြီး အမှတ်ပေး ဇယားကိုလည်း ၁၆ မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိနေသည်။

U Myo Thant




<< Back Europa League


Advertisement
Here