AFC Cup News

အောင်မြင်အောင်စွမ်းဆောင်မည့် ရတနာပုံနည်းပြ

Dec 08 , 2015

ရတနာပုံဘောလုံးအသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယနေရာရရှိခဲ့သဖြင့် ၂၀၁၆ခုနှစ်တွင်ကျင်းပမည့် AFC Cup ဘောလုံးပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကစားခွင့်ရရှိထားရာ အသင်း၏နည်းပြချုပ်ရီနီက ယင်းပြိုင်ပွဲ၌ ရတနာပုံဘောလုံးအသင်း ကို အောင်မြင်မှုများဆွတ်ခူးရရှိအောင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရတနာပုံဘောလုံးအသင်းက အရှေ့တောင်အာရှတွေမှာရှိတဲ့ ဘယ်ဘောလုံးကလပ်အသင်းကိုမဆို ယှဉ်ပြိုင်ကစားနိုင်တဲ့ခြေစွမ်း ရှိပါတယ်။ လက်ရှိမှာလည်းအသင်းက ကစားသမားကောင်းတွေပိုင်ဆိုင်ထားတာကြောင့် 2016 AFC Cup ဘောလုံးပြိုင်ပွဲမှာ ရတနာပုံဘောလုံး အသင်းအနေနဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်မယ်လို့ယုံကြည်ပါတယ်။2016 AFC Cup ပြိုင်ပွဲမှာ ကျွန်တော်အနေနဲ့  ရတနာပုံဘောလုံးအသင်း ကို အောင်မြင်မှုများဆွတ်ခူးရရှိအောင် လုပ်ဆောင်ပေးသွားမှာပါဟု ၎င်းကပြောသည်။

လက်ရှိတွင်ရတနာပုံဘောလုံးအသင်း၏ အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းအပါအ၀င် နည်းပြအဖွဲ့ဝင်များနှင့်အုပ်ချုပ် သူများမှ2016 AFC Cup ဘောလုံးပြိုင်ပွဲတွင် ရတနာပုံဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုများစွာရယူနိုင် ရန် ပြည်တွင်းပြည်ပ ကစားသမား များ ဖြည့်တင်း မှုများကိုလည်း ပြုလုပ်လျက်ရှိ သည်။ ဘယ်ဂျီယံလူမျိုးနည်းပြရီနီသည် ရတနာပုံဘောလုံးအသင်းကို 2016 AFC Cup ဘောလုံးပြိုင်ပွဲ တွင် အောင်မြင်မှုများဆွတ်ခူးရရှိအောင် လုပ်ဆောင်ပေးရာတွင် ဗိုလ်စွဲသည့်အထိ ကြိုးစားလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဗိုလ်မစွဲနိုင်ပါ ကလည်း အနိမ့်ဆုံး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်အောင်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံဘောလုံးအသင်း၏နည်းပြချုပ် ဘယ်ဂျီယံလူမျိုး ရီနီသည် ၂၀၁၆ ခုနှစ်ထဲတွင် ရတနာပုံအသင်းကိုကိုင်တွယ်ရာ၌ အောင်မြင် မှုကြီး ကြီးမားမားများကို ရယူမပေးနိုင်ခဲ့ပါကရာထူးမှနုတ်ထွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here