AFC Cup News

ကစားသမားများအား သက်တမ်းတိုးသောဧရာဝတီ

Dec 08 , 2015

မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ရာသီနှင့် AFC Cup 2016 ပြိုင်ပွဲများအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ဧရာဝတီယူနိုက်တက်ဘောလုံး အသင်း သည် အသင်း၏ကစားသမား ၇ ဦးအား စာချုပ်များ အသီးသီးသက်တမ်းတိုး ချုပ်ဆိုခဲ့ပြီး တခြားအသင်းများမှ ပြည်တွင်း ကစားသမားများ ကို လည်း စာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်းသိရသည်။

ထိုသို့သက်တမ်းတိုးချုပ်ဆိုခဲ့သော ကစားသမားများမှာ ဗန်လာဟရွယ်၊ စံမျိုးဦး၊ အေးကိုကိုမောင်၊ရန်ပိုင်စိုး၊အောင်ကျော်နိုင်၊ သီဟဇော်နှင့်မိုးဝင်း တို့ဖြစ်ပြီး လက်ရှိတွင် ကျော်ဇေယျာဝင်း(ကမ္ဘောဇ)၊ အောင်ဟိန်းကျော်(ဇေယျာရွှေမြေ)၊ စထက်နိုင်ဝင်း(မနောမြေ)နှင့်ရဲဇော်ထက်အောင် (နေပြည်တော်)အစရှိသည့်ကစားသမားများမှာ အသင်းနှင့်အတူ လာရောက်လေ့ကျင့်ရေးဆင်းလျက်ရှိကြောင်း သိရသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် အသင်း၏ နိုင်ငံခြားသားကစားသမား ၄ဦး စလုံးအား စာချုပ်သက်တမ်းတိုးချုပ်ဆိုခြင်း ပြုလုပ်တော့ မည် မဟုတ်ဘဲ ၎င်းတို့၏နေရာတွင် အစားထိုးခေါ်ယူရန် နိုင်ငံခြားသားကစားသမားများအား ခြေစွမ်းခေါ်ယူစမ်းသက်လျက်ရှိကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here