World CUp 2014 News

ကမ္ဘာ့ဖလား အကောင်းဆုံးဆုများ

Jul 14 , 2014

ဘရာဇီးတွင်ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ဂျာမနီက ဗိုလ်စွဲသွားခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး ကစားသမားဆုကို အာဂျင်တီးနားမှ မက်ဆီက ရရှိသွားခဲ့သည်။

ဂိုးသွင်း အများဆုံး ရွှေခြေထောက်ဆုကို ကိုလံဘီယာမှ ရိုဒရီဂုဇ်က ၆ ဂိုးဖြင့် ရရှိခဲ့ကာ အကောင်းဆုံး ဂိုးသမား ရွှေလက်အိပ်ဆုကို ဂျာမနီမှ နူအာက ရရှိခဲ့သည်။အကောင်းဆုံး လူငယ်ကစားသမားဆုကို ပြင်သစ်မှ ပိုဂဘာက ရရှိသွားခဲ့သည်။

ယခုကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှ မှတ်သားစရာအချက်အချို့မှာ အုပ်စုအဆင့်ပွဲစဉ်များတွင် စုစုပေါင်း ၁၃၆ ဂိုးသွင်းယူနိုင်ခဲ့၍ ၁၉၈၅ ခုနှစ်နောက်ပိုင်း တစ်ပွဲစီအတွက် ဂိုးရရှိမှု ရာခိုင်နှုန်း အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

ထို့အပြင် ရှုံးထွက်အဆင့်မှစ၍ အချိန်ပိုကစားရသည့်ပွဲနှင့် ပင်နယ်တီအဆုံးအဖြတ် ယူရသည့်ပွဲ ၈ ပွဲရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃၂ သင်းကစားခွင့် ရခဲ့သည့် နောက်ပိုင်း ယင်း ၈ ပွဲမှာ အများဆုံး အရေအတွက် ဖြစ်သည်။

အနီကဒ် အပြခံရမှု ၁၀ ခုရှိခဲ့ရာ ထိုအရေအတွက်မှာ ၁၉၈၆ နောက်ပိုင်း အနည်းဆုံး  ဖြစ်ခဲ့သည်။

U Myo Thant

<< Back World CUp 2014 News


Advertisement
Here