Champions League

စံချိန်တင်သောစီရိုနယ်ဒို

Dec 09 , 2015

ရီးရဲလ်မှစီရိုနယ်ဒိုမှာ မဲလ်မိုနှင့်ကစားရသည့်ပွဲတွင် ၄ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ချန်ပီယံလိဂ်တွင် စုစုပေါင်း၈၈ဂိုးဖြင့် ဂိုးသွင်းစံချိန်တင်ထားပြီဖြစ်သည်။

မဲလ်မိုကို ၈းဝဖြင့် နိုင်ခဲ့သည့်ပွဲတွင် စီရိုနယ်ဒိုက ၄ဂိုးသွင်းနိုင်ခဲ့ခြင်းမှာ ချန်ပီယံလိဂ်တွင် ရီးရဲလ်ကစားသမားတစ်ဦးက ဂိုးအများဆုံးသွင်းယူနိုင် သည့် မှတ်တမ်းဝင်ခဲ့ပြီး ၁၁မိနစ်တွင်း၃ဂိုးသွင်း နိုင်ခဲ့သည်မှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် တတိယမြောက်အမြန်ဆုံး ဂိုးသွင်းနိုင်သည့်စံချိန် လည်းဖြစ်သည်။

စီရိုနယ်ဒိုထက်ပို၍အချိန်တိုအတွင်း ၃ဂိုးသွင်းနိုင်ခဲ့သူများ မှာ ဘလက်ဘန်းမှ နယူးဝဲလ်နှင့်လိုင်ယွန်မှ ဂိုမစ်တို့ဖြစ်ကြသည်။

လက်ရှိဆွမ်ဆီးတွင် ကစားနေသောဂိုမစ်မှာ လိုင်ယွန်ကစားသမားဘ၀နှင့်၂၀၁၁တွင် ၇-မိနစ်အတွင်း ဟက်ထရစ်ရခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်တွင် တစ်ပွဲတည်း၅ဂိုး သွင်းနိုင်ခဲ့သူ၂ဦးမှာ ဘာစီလိုနာမှမက်ဆီနှင့်ယခု မီလန်တွင်ကစားနေသော ရှက်တာဒိုးနက်ကစားသမား အက်ဒရီယာနိုတို့ ဖြစ်ကြသည်။

စီရိုနယ်ဒိုမှာ ယခုရာသီချန်ပီယံလိဂ်အုပ်စုပွဲ ၆ပွဲတွင် စုစုပေါင်း ၁၁ဂိုးသွင်းထားနိုင်ပြီဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here