Champions League

ဗန်ဂေါလ်ကိုဝေဖန်သူ၂ဦး

Dec 09 , 2015

လွန်ခဲ့သောရာသီတွင်ယူရိုပါလိဂ်ဝင်ခွင့်ပင်မရခဲ့သောမန်ယူမှာ ယခုနှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သော်လည်း အုပ်စုအဆင့်နှင့်ပင်ကျေနပ် လိုက်ရ ကာ ယူရိုပါလိဂ်သို့ဆင်း ကစားရတော့မည့်အတွက် နည်းပြဗန်ဂေါလ်အပေါ်ကစားသမား၂ဦးဖြစ်သည့် ပေါလ်စခိုးနှင့် ဖာဒီနန်တို့ က ပြင်းပြင်း ထန်ထန်ဝေဖန်လိုက်ကြသည်။

ဖာနန်ဒီက ဒါဟာတကယ့်ကိုစိတ်ပျက်စရာပါ။ခင်ဗျားဟာ အိမ်ထဲကအိမ်ပြင်တောင် ထွက်ချင်ထွက်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ လူတွေ ခင်ဗျားကိုမေးငေါ့ကြတော့မယ်။မေးခွန်း တွေထုတ်ကြတော့မယ်လေ။အသင်းဟာ အစွမ်းအစမရှိတဲ့ပုံ၊စွမ်းအားမဲ့တဲ့ပုံပေါက်နေခဲ့ပြီ ဟုပြောဆို ခဲ့ပြီး ပေါလ်စခိုကလည်း နည်းပြဗန်ဂေါလ်ကတော့ ဖိအားတွေအောက် ရောက်နေမှာပါ။ဒါဟာ လက်မခံချင်စရာကိစ္စမျိုးကို၊ အုပ်စုတွေခွဲ လိုက်တော့ မန်ယူဟာ ဒီအသင်းမျိုးတွေကို အေးအေးဆေးဆေးကျော်ဖြတ်သွားနိုင်မှာပါလို့ အားလုံးကတွေးခဲ့ကြတယ်။ ဒါပေမယ့် ဖြစ်လာ တဲ့ရလဒ်တွေက တလွဲစီဖြစ်ကုန်ကြတယ်။အထူးသဖြင့် အိမ်ကွင်းမှာနိုင်ထားရမှာကို သရေကျခဲ့လို့အခုလို ကြုံရတော့တာပဲမ ဟုတ်လား၊ သုံးထားတဲ့ပိုက်ဆံတွေနဲ့ ချိန်ကြည့်ရင် ဒီရလဒ်၊ဒီအဖြေတွေဟာ လက်ခံနိုင်စရာမဟုတ်ဘူးလေ။ဒီ ၁၈လအတွင်းမှာ ဘယ်လောက်သုံး ခဲ့ပြီ လဲ?၊ ပေါင်သန်း၂၅၀ဗျ၊နည်းသလား-မနှစ်က အဆင့်၎ရခဲ့တာဟာ ကျေနပ်စရာဖြစ်ပေမယ့်ဒီနှစ်မှာတော့ ဒါလောက်သုံးထားပြီးမှ ချန်ပီယံလိဂ် ကလည်းထွက်ရတယ်။အဆင့်၎နဲ့ပဲ ရာသီသိမ်းရမယ်ဆိုရင်တော့ ဒါဟာ လုံးဝလက်ခံနိုင်စရာမဟုတ်တော့ပါဘူးဟု ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Champions League


Advertisement
Here