Champions League

ချဲလ်ဆီးအကြောင်းပြောတဲ့မော်ရင်ဟို

Dec 10 , 2015

ပေါ်တူဂီအသင်းကို ၂းဝဖြင့်အနိုင်ရရှိကာ ချန်ပီယံလိဂ်တွင်အုပ်စုဗိုလ်ဖြစ်ခဲ့သော သူ၏အသင်းနှင့်ပတ်သက်၍ မော်ရင်ဟိုက ပြိုင်ဘက်အသင်း တိုင်းဟာ ကျနော်တို့နဲ့တွေ့ချင်နေမှာပါ ဟုပြောဆိုခဲ့သည်။

ချဲလ်ဆီးမှာပေးတိုကို နိုင်ခဲ့သည့်အတွက် အုပ်စု G တွင် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သဖြင့် လာမည့်ရှုံးထွက်ပွဲစဉ်တွင် အုပ်စု ဒုတိယရအသင်းများ ထဲမှ အင်္ဂလန်အသင်းဖြစ်သည့် အာဆင်နယ်၊အုပ်စုတူဖြစ်ခဲ့သည့် ဒိုင်နမိုကိယက်တို့မှလွဲ၍ ကျန် ၆ သင်းထဲမှတစ်သင်းသင်းနှင့် ဆုံတွေရ မည်ဖြစ်သည်။

ထို့ကြောင့် ချဲလ်ဆီးမှာ PSG၊ ဂျူဗင်တပ်၊ PSV၊ ဘင်ဖီကာ၊ ရိုးမား၊ ဂျန့်စသည့် ၆ သင်းထဲမှ တစ်သင်းသင်းနှင့်ကစားရမည်ဖြစ်ပြီး ပွဲစဉ်မဲနှိုက်ခြင်း ကို လာမည့် တနလာင်္နေ့တွင်ပြုလုပ်မည်ဖြစ်သည်။

၅၂ နှစ်ရှိပြီဖြစ်သော မော်ရင်ဟိုက ဒုတိယရခဲ့တဲ့အသင်းတိုင်းဟာ ကျနော်တို့နဲ့၊ ဒါမှမဟုတ် ဇင်းနစ်နဲ့တွေ့ချင်ကြမှာပါ။ ဘယ်သူကမှ ဘာစီလိုနာ၊ ရီးရဲလ်၊ ဘိုင်ယန်တို့နှင့် တွေ့ချင်မှာမဟုတ်ပါဘူး  ဟုပြောဆိုသွားခဲ့သည်။

ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသော်လည်း ချန်ပီယံလိဂ်တွင် အုပ်စုပွဲ ၆ပွဲကစား ၄ပွဲနိုင် ၁ပွဲသရေဖြင့်အုပ်စုဗိုလ်ဖြစ်ခဲ့ သည်။

U Myo Thant




<< Back Champions League


Advertisement
Here