Europa League

ယုံကြည်မှုရှိနေတဲ့ ကလော့ပ်

Dec 10 , 2015

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က ယနေ့ည ဆီယွန်နှင့်ကစားရမည့် ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် အနိုင်ရကာ အုပ်စုထိပ်ဆုံး မှနေ၍ နောက်တစ်ဆင့်တက်နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

လီဗာပူးအသင်းမှာ ယူရိုပါလိဂ်အုပ်စုBတွင် ၅ပွဲကစား ၉မှတ်ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး ဆီယွန်က ၈မှတ်ရရှိထားကာ ယခုပွဲကို ဆီယွန်အိမ်ကွင်း တွင် ကစားရမည်ဖြစ်သည်။

ဆီယွန်အသင်းမှာ ယူရိုပါလိဂ်ပွဲစဉ် ၅တွင် ရူဘင်ကာဇင်ကို ရှုံးနိမ့်ထားသကဲ့သို့ ပြည်တွင်းနောက် ဆုံးပွဲစဉ်၂ ပွဲကိုလည်း ရှုံးထားသည့်အသင်းဖြစ် သည်။

လီဗာပူးမှာ ပရီးမီးယားနောက်ဆုံးပွဲတွင် နယူးကာဆယ်ကိုရှုံးထားသော်လည်း ယင်းမတိုင်မီ ၄ပွဲမှာအနိုင်ပွဲများသာ ဖြစ်သည်။

ယူရိုပါလိဂ်၌ရှုံးပွဲမရှိသေးသော လီဗာပူးနှင့်ပတ်သက်၍ ကလော့ပ်က ဆီယွန်ဟာ တိုက်စစ်ကောင်းတဲ့အသင်းပါ။ဒါပေမယ့် ဒီအတွက် ကျနော် တို့ ပြင်ဆင်ထားပါ တယ်။ကျနော်တို့အနေနဲ့ အောင်ပွဲကိုဆာလောင်သူတွေဖြစ်လို့ ဒီညပွဲမှာအကောင်းဆုံးကစားသွားမှာပါ ဟုပြောဆို သွား ခဲ့သည်။

U Myo Thant

<< Back Europa League


Advertisement
Here