Euro 2016

Goal- Line နည်းပညာသုံးတော့မည်

Dec 12 , 2015

လာမည့်ယူရို ၂၀၁၆ ပြိုင်ပွဲများနှင့် လာမည့် ၂၀၁၆-၁၇ ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲများတွင် Goal- Line နည်းပညာကို စတင်အသုံးပြုတော့ မည်ဖြစ်သည်။

ထိုနည်းပညာသုံးစွဲရေးကို လောလောဆယ်ဘောလုံးလောကမှ ပိတ်ပင်ခံထားရသည့် ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီက လွန်ခဲ့သည့်နှစ်များတွင် အဆိုတင်ခဲ့ ခြင်းဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်အနေနှင့် လာမည့်ဇန်န၀ါရီလတွင် အဆုံးအဖြတ်ပေးမည်ဖြစ်ကာ သုံးစွဲခွင့်အတွက် သေချာသလောက်ဖြစ်နေကြောင်း သိရသည်။

ထိုနည်းပညာအသုံးပြုမည်ဆိုပါက နှစ်ဘက်အသင်း၏ဂိုးတိုင်များနောက်တွင် ဒိုင်လူကြီးတစ်ဦးစီ ထားရှိရမည်ဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး အင်ဖန်တီနိုက ဒီကိစ္စဟာ ဆွေးနွေးဆုံးဖြတ်ဖို့အတွက် စားပွဲပေါ်ကိုအဆင့် ဆင့်ရောက်နေပြီဖြစ်သလို ဆုံးဖြတ်ဖို့လည်းများမယ်လို့ယူဆပါတယ်ဟု ပြောဆိုခဲ့သည်။

လာမည့် ယူရို ၂၀၁၆ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများမှာဆုကြေးပိုမိုရရှိကြမည်ဖြစ်ပြီး ယူရို ၂၀၁၂တွင် ဆုကြေး ပေါင် ၁၄၁သန်းသာပေးခဲ့သော် လည်း လာမည့် ယူရို ၂၀၁၆တွင် ပေးမည့် ဆုကြေးပမာဏမှာ ပေါင် ၂၁၇ သန်းဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here