AFC Champion News

ဘာစီလိုနာနှင့်တွေ့မည့်အာရှချန်ပီယံ

Dec 14 , 2015

အာရှချန်ပီယံလိဂ်ချန်ပီယံဂွန်ဇူးအသင်းသည် ၂၀၁၅ ကမ္ဘာ့ကလပ်များချန်ပီယံဖလားပွဲတွင် ကွန်ကာကက်ဖ်ဇုန်ချန်ပီယံမက္ကဆီကိုကလပ် ကလပ် အမေရိကန်ကို ၂း၁ဖြင့် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ကာ ယင်းအဆင့်တွင် ဥရောပချန်ပီယံ ဘာစီလိုနာနှင့်ကစားရမည်ဖြစ် သည်။

ဂျပန်နိုင်ငံ အိုဆာကာရှိ နာဂါအိကွင်းတွင် ကစားခဲ့သောယင်းပွဲစဉ်တွင် ပထမပိုင်း၌ဂိုးမရှိသရေကျနေသော်လည်း ဒုတိယပိုင်းတွင် ကလပ် အမေရိကက ဂိုးစသွင်းနိုင်ခဲ့သည်။

သို့သော် တရုတ်ကလပ် ဂွန်ဇူးက ချေပဂိုးနှင့်အနိုင်ဂိုးများသွင်းနိုင်ခဲ့သဖြင့် ဆီမီးဖိုင်နယ်သို့တက်နိုင်ခဲ့ခြင်းဖြစ်သည်။

အခြားကွာတားဖိုင်နယ်ပွဲစဉ်တွင် ဂျပန်ကလပ် ဟီရိုရှီးမားက အာဖရိကကလပ်မာဇမ်ဘီကို ၃းဝ ဖြင့်နိုင်ကာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီး ယင်းအဆင့်တွင် တောင်အမေရိကချန်ပီယံ ရေးဗားပလိတ်နှင့်ကစားရမည်ဖြစ်သည်။

U Myo Thant

<< Back AFC Champion News


Advertisement
Here