Euro 2016

ယူရို ၂၀၁၆ ပွဲစဉ်မဲခွဲ

Dec 14 , 2015

ယူရို ၂၀၁၆ ပွဲစဉ်များ အုပ်စုမဲခွဲခြင်းကိုပြုလုပ်ခဲ့ရာ အိမ်ရှင်ပြင်သစ်မှာ အုပ်စု Aတွင် ရိုမေးနီးယား၊အယ်လ်ဘေးနီးယား၊ဆွတ်ဇလန် တို့နှင့်အတူ ကျရောက်ခဲ့သည်။

စုစုပေါင်း အသင်း ၂၄ သင်းကို ၄ သင်းပါအုပ်စု ၆စုဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ အုပ်စု Bတွင် အင်္ဂလန်၊ရုရှ၊ဝေလ၊ဆလိုဗက်ကီးယား၊ အုပ်စု Cတွင် ဂျာမနီ၊ ယူကရိန်း၊ပိုလန်၊ မြောက်အိုင်ယာလန်၊ အုပ်စု Dတွင် စပိန်၊ချက်၊တူရကီ၊ခရိုအေးရှားနှင့် အုပ်စု Eတွင် ဘယ်လ်ဂျီယံ၊အီတလီ၊ အိုင်ယာလန်၊ဆွီဒင်တို့ပါဝင်ကြသည်။အုပ်စု Fတွင် ပေါ်တူဂီ၊ အိုက်စလန်၊သြစတြေးယားနှင့်ဟန်ဂေရီတို့ပါဝင်ကြကာ ပြိုင်ပွဲများကို ၂၀၁၆ ဇွန်လ ၁၀ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပထမဆုံးပွဲစဉ်မှာ ပဲရစ်တွင် ပြင်သစ်နှင့် ရိုမေးနီးယားတို့ ကစားမည့်ပွဲစဉ်ဖြစ်သည်။

အုပ်စုထိပ်ဆုံးမှ ၂သင်းစီမှာ အကောင်းဆုံးတတိယနေရာရ ၄သင်းနှင့်အတူ ရှုံးထွက်အဆင့်သို့ရောက်ရှိမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here